တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၅၈ တပ်ရင်းနဲ့ စစ်ကောင်စီ လုံခြုံရေးကင်းတို့ကို ဖေဖော်ဝါရီလအတွင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုန် ၄ အဖွဲ့ – တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နဲ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ လယ်တောင်ယာရွာအနီး ကာကင်းယူနေတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို သွားရောက်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၁ ရက်မှာတော့ အဆိုပါကာကင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက် နေ့လယ်ပိုင်းကလည်း မာတမုတ်ချုံးရွာအနီး သိန်ခွန်းရွာဘက်ကို စစ်ကောင်စီတပ်အတွက် ရိက္ခာလာပို့တဲ့ကားနဲ့ ခြေလျင် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက် ညနေပိုင်းကလည်း တနင်္သာရီမြို့နယ်အခြေစိုက် ခမရ ၅၅၈ တပ်ရင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို သွားရောက်တိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းတွင် တစ်လခွဲအတွင်း စစ်ကောင်စီတိုက်ခိုက်မှုများကြောင့် ပြည်သူ ၉ ဦး သေဆုံးခဲ့

ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် မေလ ၁၅ ရက်ကနေ ဇွန်လ ၃၀ ရက်အတွင်း ပြည်သူ ၉ ယောက် သေဆုံးခဲ့တယ်လို့ People's Liberation Force - ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ပါတယ်။
Read More

အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အပတ်စဥ် /၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းအခြေစိုက် အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အပတ်စဥ် /၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုရားသုံးဆူရှိ သတ္တုမိုင်းတွင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာရွာအနီးမှာရှိတဲ့ သတ္တုမိုင်းတွင်းတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ပန်းရံကျေးရွာ ပျူစောထီးစခန်းမှ ရွှေဘိုမြို့ပေါ် ရိက္ခာလာထုတ်သည့် ပျူစောထီးကားကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ကို ပန်းရံကျေးရွာ ပျူစောထီးစခန်းကနေ ရိက္ခာ လာထုတ်တဲ့ ပျူစောထီးကားကို ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးတွေ ထိခိုက်မှုတွေ ရှိတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

စစ်သင်္ဘောများ သွားလာဖို့ ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာများအား စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာမယ့်  စစ်သင်္ဘောတွေအတွက် စစ်ကောင်စီက ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတွေကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Photo - စစ်ကောင်စီထံက ရရှိလိုက်တဲ့ သေနတ်များ
Read More

ဖာပွန်မှာ စစ်ကောင်စီစစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရ အရာရှိအဆင့်အပါအ၀င် ၃၀ထက်မနည်းသေ

တပ်စခန်းစွန့်ပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကိုတိုက်ခိုက်ရာ တပ်ရင်းမှူးအပါအဝင် ၃၀ထပ်မနည်း သေဆုံးကာလက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း KNU တပ်မဟာ(၅)က အသိပေးထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၃၀ရက်နေ့ကဖာဂေါ်လိုးစခန်းမှ ပေါ်ခေးခို(ဘော်စဲခို)ဘက်သို့ တပ်ဆုတ် အပြန်တွင် KNLAက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့်…