စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ ထွက်လာတဲ့ တိုင်းမှူး မျိုးမင်းထွေး စီးနင်းလိုက်ပါလာတဲ့ အိမ်စီးကား ၅ စီးယာဉ်တန်းကို ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်၊ ည ၇ နာရီ ၁၅ မိနစ်က မုံရွာမြို့နယ် မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တတိယမြောက်ကားကို ထိမှန်ကာ ကားပေါ်ပါတဲ့ စစ်သား ၃ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့နဲ့အတူ မုံရွာခရိုင် အမှတ် (၁၂)တပ်ရင်း တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲ၊ Nway Oo Brothers Column (နွေဦးညီအကိုများစစ်ကြောင်း) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်မှူးချုပ် မျိုးမင်းထွေးဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ကိုးကန့်တပ်မတော် MNDAA က လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို သိမ်းပိုက်စဉ်   စကခ ၁ မှူး ရာထူးနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသူ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မုဒုံမြို့နယ် အဘစ်ကျေးရွာက စစ်ကောင်စီအမြောက်တပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီအမြောက်တပ် ၃၁၈ ကို အောက်တိုဘာ ၈ ရက်မှာ SDDF Missile Team က ထုတ်လုပ်တဲ့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF Southern Military Region အဖွဲ့ထံကနေ သိရပါတယ်။
Read More

မင်းကင်းမြို့နယ် ပကဖအင်အားစုဖွဲ့လေ့ကျင့်ရေးနှင့် မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ပကဖ အင်အားစုဖွဲ့လေ့ကျင့်ရေးနဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ပူးလူးတူစခန်း မြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပူးလူးတူစခန်းကို မတ်လ ၁၄ ရက်က KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၂ ယောက်သေခဲ့တယ်လို့ သိရပါတယ်။
Read More

ရေးပြောက်ကျားတပ်ရဲဘော်များ သင်္ကြန်ကာလ ဘယ်လိုဖြတ်သန်းခဲ့ကြလဲ (ရုပ်/သံ)

မြန်မာ့ရိုးရာတန်ခူးလ သင်္ကြန်ကာလမှာ ရေးပြောက်ကျားတပ်ရဲဘော်တွေရဲ့ ဖြတ်သန်းမှုပုံရိပ် တွေကို ရေးပြောက်ကျားတပ်က ထုတ်ပြန်ပြသခဲ့ပါတယ်။
Read More

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဥ် (၂/၂၀၂၄) သင်တန်းဆင်းရဲဘော်တွေအတွက် ကိုမီးပွါး (တပ်ဖွဲ့တာဝန်ခံ) ရဲ့ သင်တန်းဆင်းအမှာစကား (ရုပ်/သံ)

''ပြည်သူရဲ့ စစ်သားတွေဖြစ်တဲ့အတွက် ပြည်သူတွေ ဆန္ဒကို ဖြည့်ဆည်းတဲ့နေရာမှာ ဒီတိုက်ပွဲက ဒီကနေ တိုက်လို့ ဒီကနေ ပြီးသွားမယ့်တိုက်ပွဲမဟုတ်ဘူး၊ ဒါကြောင့် မင်းတို့အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာတွေ ရုပ်ပိုင်းဆိုင်ရာတွေဟာ ကြီးမြတ်နေရမယ်။ ခံစားချက်တွေနဲ့ တိုက်လို့မရဘူး။ အဲဒီခံစားချက်တွေကို ခံယူချက်၊ ယုံကြည်ချက်တွေအဖြစ်ပြောင်းလဲပြီး တိုက်ပွဲဝင်မှသာ ပြည်သူတွေလိုချင်တဲ့ ငါတို့တွေ လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကြီးကို ရရှိမှာဖြစ်တယ်''
Read More

လင်းကတောရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းကနေ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဧပြီ ၁ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေ ခုခံတိုက်ခိုက်ခဲ့ တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၅ ထံက သိရပါတယ်။