ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH က လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) နဲ့ ဖေဖော်ဝါရီလ ၂၆ ရက်က ၁ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတွေ့ဆုံမှုမှာ CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (ASEAN Parliamentarians for Human Rights – APHR)  ဥက္ကဋ္ဌ Hon. Mercy Chriesty Barends နဲ့ ပူးတွဲ ဥက္ကဋ္ဌ Hon. Charles Santiago တို့အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံမှုအတွင်း နွေဦးတော်လှန်ရေးကာလရဲ့ လွှတ်တော်လုပ်ငန်းစဉ်တွေ၊ သတ္တမအကြိမ် ကြားကာလ ပြည်ထောင်စုလွှတ်တော် ကျင်းပပြီးစီးမှုအပါအဝင် တော်လှန်ရေးကာလ နိုင်ငံရေးသဘောတူညီချက် ပူးတွဲထုတ်ပြန်မှုတွေ တော်လှန်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ CRPH)

ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် (၅) ချက်နဲ့ ပတ်သက်တဲ့ လက်ရှိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် မလေးရှားနိုင်ငံရဲ့ အခန်းကဏ္ဍတွေအပေါ် ချဉ်းကပ်ဆောင်ရွက်သင့်တဲ့ အချက်တွေကို အမြင်ဖလှယ်ဆွေးနွေးခဲ့သလို အာဆီယံနိုင်ငံလွှတ်တော်တွေနဲ့ ဒေသတွင်း လွှတ်တော်ကိုယ်စားလှယ်တွေအချင်းချင်း ပူးတွဲဆောင်ရွက်နိုင်မယ့် အလားအလာတွေနဲ့ပတ်သက်လို့ အမြင်ဖလှယ်ခဲ့ကြောင်း သိရပါတယ်။

တွေ့ဆုံပွဲမှာ CRPH ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်၊ CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးစည်သူမောင်နဲ့ ဦးအာကာမျိုးထက်တို့ ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်မှာ စျေးရောင်းနေသည့် မြန်မာအလုပ်သမား ၇ ဦး တိုင်ကြားချက်အရ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်မှာ စျေးရောင်းနေတဲ့ မြန်မာအလုပ်သမား ၇ ယောက်ကို ထိုင်းအာဏာပိုင်တွေက တိုင်ကြားမှုတွေအရ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြထားပါတယ်။ 
Read More

နိုင်ငံတကာအနေဖြင့် အတုအယောင်ရွေးကောက်ပွဲကို ပံ့ပိုးကူညီခြင်းသည် အကြမ်းဖက်စစ်အုပ်စု၏ နျူကလီးယား ရည်မှန်းချက်ကို အားပေးကူညီရာရောက်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

နိုင်ငံတကာအနေနဲ့ အတုအယောင်ရွေးကောက်ပွဲ လုပ်ငန်းတွေကို ပံ့ပိုးကူညီမယ်ဆိုရင် ဒါဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ နျူကလီးယား ရည်မှန်းချက်ကို အားပေးကူညီရာရောက်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ကနေဒါက  စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စစ်ဗိုလ်ချုပ်တွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုအား Justice For Myanmar က ကြိုဆိုကြောင်း ထုတ်ပြန်၊ စစ်အုပ်စုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လက်တိုးမြှင့်လုပ်ဆောင်ဖို့ တောင်းဆို

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ထဲက စစ်ဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးနဲ့ အဖွဲ့အစည်း သုံးခုကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တဲ့ အပေါ် ကြိုဆိုကြောင်း Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။
Read More

ချင်းမိုင်တွင် တစ်လ ဘတ် ၁၂၀,၀၀၀ ဖြင့် ငှားရမ်းထားသည့် နေအိမ်အတွင်းမှ ကျားဖြန့်ဂိုဏ်းကို ထိုင်းရဲ ဝင်ဖမ်း၊ တရုတ် ၂၀ ဦး ဖမ်းမိပြီး ၁၀ ဦး ထွက်ပြေး

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့၊ မယ့်ရင်မှာ ထိုင်းရဲတပ်ဖွဲ့က အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) တစ်ခုကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား အယောက် ၂၀ ကို သက်သေခံပစ္စည်းတွေနဲ့တကွ ဖမ်းမိကြောင်း ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ APHR တောင်းဆို

APHR ဥက္ကဋ္ဌ ဖြစ်သူ အင်ဒိုနီးရှား လွှတ်တော်အမတ် Mercy Chriesty Barends က “ကိုထက်မြတ်အောင်ကို ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်တာဟာ ငြိမ်းချမ်းစွာ ဆန့်ကျင်သူတွေကို နှုတ်ပိတ်ဖို့၊ ဒီမိုကရေစီ ခေါင်းဆောင်မှု ယန္တရားကို ဖျက်ဆီးဖို့နဲ့ အကြောက်တရားကိုသုံးပြီး အာဏာတည်မြဲအောင် လုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်ရဲ့ စနစ်တကျ ညှင်းပန်းနှိပ်စက်မှုတွေကို ထင်ဟပ်နေတာပဲဖြစ်တယ်”လို့ ပြောကြားခဲ့ပါတယ်။
Read More

ဘူတန်ဝန်ကြီးချုပ်က လူမှုကွန်ရက်မှာ တင်ထားသည့် မြန်မာစစ်ခေါင်းဆောင်နှင့် တွဲရိုက်ခဲ့သည့် ဓာတ်ပုံကို ပြန်လည်ဖယ်ရှား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဧပြီလ ၄ ရက်က မြန်မာစစ်ခေါင်းဆောင် အကြမ်းဖက်မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတစ်ပုံကို ဘူတန်ဝန်ကြီးချုပ်က လူမှုကွန်ရက်စာမျက်နှာမှာမှာ ချီးကျူးစကားတွေ ရေးသားတင်ခဲ့ပြီးနောက် ပြန်လည်ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။