ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH က လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) နဲ့ ဖေဖော်ဝါရီလ ၂၆ ရက်က ၁ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတွေ့ဆုံမှုမှာ CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (ASEAN Parliamentarians for Human Rights – APHR)  ဥက္ကဋ္ဌ Hon. Mercy Chriesty Barends နဲ့ ပူးတွဲ ဥက္ကဋ္ဌ Hon. Charles Santiago တို့အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံမှုအတွင်း နွေဦးတော်လှန်ရေးကာလရဲ့ လွှတ်တော်လုပ်ငန်းစဉ်တွေ၊ သတ္တမအကြိမ် ကြားကာလ ပြည်ထောင်စုလွှတ်တော် ကျင်းပပြီးစီးမှုအပါအဝင် တော်လှန်ရေးကာလ နိုင်ငံရေးသဘောတူညီချက် ပူးတွဲထုတ်ပြန်မှုတွေ တော်လှန်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ CRPH)

ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် (၅) ချက်နဲ့ ပတ်သက်တဲ့ လက်ရှိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် မလေးရှားနိုင်ငံရဲ့ အခန်းကဏ္ဍတွေအပေါ် ချဉ်းကပ်ဆောင်ရွက်သင့်တဲ့ အချက်တွေကို အမြင်ဖလှယ်ဆွေးနွေးခဲ့သလို အာဆီယံနိုင်ငံလွှတ်တော်တွေနဲ့ ဒေသတွင်း လွှတ်တော်ကိုယ်စားလှယ်တွေအချင်းချင်း ပူးတွဲဆောင်ရွက်နိုင်မယ့် အလားအလာတွေနဲ့ပတ်သက်လို့ အမြင်ဖလှယ်ခဲ့ကြောင်း သိရပါတယ်။

တွေ့ဆုံပွဲမှာ CRPH ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်၊ CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးစည်သူမောင်နဲ့ ဦးအာကာမျိုးထက်တို့ ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းအစိုးရက မြန်မာဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြု၊ ကုလသမဂ္ဂ ကြိုဆို

ထိုင်းနိုင်ငံမှာ ရေရှည် ခိုလှုံနေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရက ဩဂုတ်လ ၂၆ ရက် အင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ 
Read More

ဘန်ကောက်မှာ သုံးပြီးသား Vape များ ပြန်ရောင်းသည့်လုပ်ငန်းမှ မြန်မာ ၅ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တရားမဝင် Vape ထုတ်လုပ်ရေးနေရာအဖြစ် အသုံးပြုနေတဲ့ အငှားအိမ်တစ်လုံးကို ထိုင်းရဲတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၂ ယောက်နဲ့ မြန်မာနိုင်ငံသား ၅ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်မှာ မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အပြန်အလှန် သဝဏ်လွှာ ပေးပို့၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှု တရုတ်က အခိုင်အမာ ထောက်ခံ ပံ့ပိုးပေးဟု အကြမ်းဖက်ခေါင်းဆောင် ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တရုတ်နည်းတူ ရုရှားလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကူညီမယ်လို့ ဆိုပြန်

တရုတ်နိုင်ငံလိုပဲ ရုရှားကလည်း စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ကူညီပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ထည့်သွင်းဖော်ပြလာပါတယ်။
Read More

အီရန်ကို ဗုံးကြဲသည့် စစ်ဆင်ရေး ထရမ့်ကိုယ်တိုင် စောင့်ကြည့်ကွပ်ကဲမှု ပုံရိပ်များ အိမ်ဖြူတော် ထုတ်ပြန်

အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်းတွေကို အမေရိကန်လေတပ်က ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေး ကွပ်ကဲမှုအခန်း (situation room)​ကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စောင့်ကြည့်ကွပ်ကဲနေတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်လာပါတယ်။
Read More

မြန်မာငလျင်အတွက် ယူကေအစိုးရက စတာလင်ပေါင် ၁၀ သန်းနဲ့ အမေရိကန်အစိုးရက ကန်ဒေါ်လာ ၇ သန်း ထပ်တိုးကူညီ ..

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခဲ့တဲ့ အင်အားပြင့်ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ယူကေအစိုးရက စတာလင်ပေါင် ၁၀ သန်း ထပ်မံတိုးမြှင့်ထောက်ပံ့ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။