ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မြကလပ်တောင်တော်ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်းကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ရဲဘော်တွေ ခက်ခက်ခဲခဲ တက်ရောက်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲရုပ်သံကို KNDF/ B-15 က ထုတ်ပြန်လိုက်ပါတယ်။

KNDF/ B-15 ရဲ့ ရှေ့တန်းမြေပြင်တိုက်ပွဲတွေ၊ စစ်ဆင်ရေးအတွင်း ခက်ခက်ခဲခဲဖြတ်သန်းရတာတွေနဲ့ ဝမ်းနည်းစရာ၊ ကြည်နူးစရာတွေကို မှတ်တမ်းတင်ရယူနိုင်ရေးအတွက် GoPro ကင်မရာဝယ်ယူနိုင်ဖို့ ရန်ပုံငွေလိုအပ်ချက် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဗီဒီယို၊ ဓာတ်ပုံ မှတ်တမ်းတွေဟာ လိမ်လည်လို့မရတဲ့ အမှန်တရားတွေဖြစ်တာကြောင့် လူငယ်တွေလျှောက်ခဲ့တဲ့ နွေဦးတော်လှန်ရေးသမိုင်းကို မှတ်တမ်းတင်အဖြစ် ထင်ကျန်ရစ်စေဖို့ GoPro ၂ လုံး ဝယ်ယူနိုင်ရေး မိဘပြည်သူတွေ ပါဝင်ကူပေးကြဖို့ KNDF/ B-15 က မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူမှာ စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးကာ ရွာသားတွေကို ဖမ်းဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမှာ  စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီက ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး မုံလှရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲ ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ဒေါက်တာစိုးသူရဇော်ပြောပြခဲ့တဲ့ ဒဏ်ရာရ PDF ရဲဘော်တွေနဲ့ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေး ဘယ်လောက်အရေးကြီးလဲ (ရုပ်/သံ)

သွားနဲ့ ခံတွင်းဆရာဝန်ဒေါက်တာ စိုးသူရဇော်ပြောပြခဲ့တဲ့ ဒဏ်ရာရ PDF ရဲဘော်တွေနဲ့ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေး အရေးကြီးတဲ့ အကြောင်းကို ယခုလိုပဲ ပြော ကြားခဲ့ပါတယ်။
Read More

အသံတိတ်သပိတ်တွင် တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်ကြရန် ဒေါက်တာဇော်ဝေစိုး တိုက်တွန်း (ရုပ်/သံ)

"Silent Strike အပြင်မထွက် အသံတိတ်သပိတ် ဒီဇင်ဘာလ ၁၀ ရက် မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ပြည်သူအားလုံး ပါဝင်ဆင်နွှဲကြ” လို့ ဒေါက်တာဇော်ဝေစိုးက ပြောဆိုတိုက်တွန်းထားပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပေါ် ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို ပိုက်ဆံ‌တောင်းနေတဲ့ စစ်ကော်မ ရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Yae Nagarတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
Read More

မြင်းခြံမြို့နယ် ကျောက်ကန်ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူစခန်းကို အောက်တိုဘာ ၇ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထံက သိရပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Vote Fighter Local PDF အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။