ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ လင်းယောခင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ဂိတ်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂၆ ရက် မနက်အစောပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး တော်လှန်ရေးရဲဘော်‌တွေ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို အမှတ် ၃၅၀၂ စစ်တောင်းစစ်ကြောင်းနဲ့ ဖြူးမြို့နယ် ပကဖ တို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပွင့်ဖြူနဲ့ မင်းဘူးမှာ ရဲစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲပြီး စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်နဲ့ မင်းဘူးမြို့နယ်အတွင်းက ရဲစခန်းနဲ့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People’s Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

ကောလင်း-ဝန်းသိုလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေ (ရုပ်/သံ)

ကောလင်းခရိုင် အမှတ်၂တပ်ရင်း ထိန်းချုပ်စိုးမိုးထားတဲ့ စစ်ကိုင်းတိုင်း ကောလင်း-ဝန်းသိုလမ်းပိုင်းကုထ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ကောလင်းခရိုင်တပ်ရင်း၂ ထံက သိရပါတယ်။
Read More

ကြိုးဝကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု ၃၀ ခန့်သေပြီး လက်နက်အများအပြားသိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း မင်းတုန်းမြို့နယ် ကြိုးဝကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၃၀ ခန့်သေပြီး တပ်ကြပ်အဆင့် ၁ ယောက် ဖမ်းဆီးမိခဲ့ကာ လက်နက်အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွ်မြို့နယ်အနောက် ကားလမ်းမှာ လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းအနိုင် ကျင့်နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့တယ်လို့ TGYR - Youth Guerrilla Counter Revolution -NZ အဖွဲ့ထံက သိရပါတယ်။
Read More

နေပြည်တော် PDF နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တောင်းမြစ်အနောက်ဘက်ကမ်းသို့ စစ်တပ် ပြန်လည်ဆုတ်ခွာ (ရုပ်/သံ)

နေပြည်တော် PDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲအတွင်း ၆၀ မမ လက်နက်ကြီး ပစ်ကူပေးနေတဲ့ ရုပ်သံဖိုင်ကို တပ်ရင်း 805 - Nay Pyi Taw PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေတိုက်စားမှုကြောင့် မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းပေါ်ရှိ တံတားပျက်စီး (ရုပ်/သံ)

မိထ္ထီလာ - ကျောက်ပန်းတောင်း လမ်းပေါ်ရှိ တံတား ၁ စင်း ရေတိုက်စားမှုကြောင့် ပျက်စီးသွားပြီး လမ်းပိတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။