(MMQR) ဒစ်ဂျစ်တယ်ငွေပေးချေမှု ချိတ်ဆက်စနစ်က နိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွါးရေးအဆောက်အအုံဖွံ့ဖြိုးလာဖို့ လမ်းစဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၇ရက် နေပြည်တော်မှာကျင်းပတဲ့ မြန်မာ QR (MMQR) အခမ်းအနားကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တက်ရောက်ဖွင့်လှစ်စဉ် အမှာစကား ပြောကြားခဲ့တာပါ။

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က လတ်တလောငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး MMQR စနစ်ကိုစတင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ဒီဂျစ်တယ်ငွေပေးချေစနစ် မြန်မာ QR (MMQR) ကို ဖေဖော်ဝါရီ ၂၇ မှာ စတင်လိုက်ပြီး ဈေးဝယ်တဲ့နေရာမှာသာ စတင်အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။

ဗဟိုဘဏ်က MMQR ကို အကောင်အထည်ဖော်နိုင်ခဲ့တာကြောင့် နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်ရတဲ့ ငွေရေးကြေးရေးဆိုင်ရာလုပ်ငန်းတွေနဲ့ ငွေလွှဲပြောင်းပေးပို့မှုတွေမှာ အဆင်ပြေချောမွေ့ကာ လုံခြုံစိတ်ချစွာနဲ့ တခြားနိုင်ငံတွေနည်းတူ ရင်ဘောင်တန်း ဆောင်ရွက်လာနိုင်တော့မယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။ နိုင်ငံတော်ရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးအဆောက်အအုံ ဖွံ့ဖြိုးလာဖို့ တွန်းအားပေးတဲ့ စနစ်တစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။

“နည်းပညာတိုးတက်လာတာနဲ့အတူ အခုလို စနစ်တကျ အဆင်ပြေချောမွေ့အောင် စီမံဆောင် ရွက်ပေးနိုင်တာနဲ့အမျှ တစ်ဘက်မှာလည်း Online လိမ်လည်မှုတွေမဖြစ်အောင် စနစ်တကျ စောင့်ကြည့်ထိန်းကျောင်း ကြီးကြပ်ဖို့လိုအပ်ပါတယ်”လို့ မင်းအောင်လှိုင်က ပြောပါတယ်။

MMQR ကို ပြည်တွင်းမှာ ငွေပေးချေမှုနဲ့ အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းလစာပေးခြင်း၊ ပင်စင်ထုတ်ပေးခြင်းနဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေမှာ ကနဦး အသုံးပြုဖို့ ရည်ရွယ်ထားတာပါ။

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်ကတည်းက MMQR စနစ်ကို အသုံးပြု့ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး အာဏာသိမ်း စစ်တပ်က သူတို့လက်ထက်မှာ ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းဖို့ ရည်ရွယ်ချက်နဲ့ ဖော်ဆောင်လိုက်တာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရုရှားနှင့် လုပ်ဆောင်မည့် ထားဝယ်အထူးစီးပွါးရေးဇုန်ကို အရပ်ဘက်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ ကန့်ကွက်

မြန်မာနိုင်ငံမှာ ရုရှားက ဝင်ရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်ကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ကြောင်း မတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆွစ်ဇာလန်နိုင်ငံကို Justice For Myanmar တောင်းဆို

စစ်ကောင်စီအတွက် ဝင်ငွေတွေ ရရှိနေတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ပြီးနောက် သုံးနှစ်ကျော် ကြာမြင့်လာတဲ့ အချိန်အထိ ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်နေတယ်လို့  Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။
Read More

လျှပ်စစ်မီး လုံလောက်စွာ မရရှိမှုကြောင့် EV ကား အားသွင်းရုံများ ထပ်မံဖွင့်လှစ်ဖို့ ရပ်နားထားရ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ပျက်စီးနေ ဟု TCRW ထုတ်ပြန်

တနင်္သာရီတိုင်းအတွင်းက စစ်ကောင်စီရဲ့ လုပ်ငန်းတွေဖြစ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နေမှုနဲ့ ပတ်သက်ပြီး ၃လတာ စောင့်ကြည့်ထားတဲ့ အစီရင်ခံစာကို Tanintharyi Coalition Resource Watch (TCRW) က ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာ စက်သုံးဆီ ဆိုးရွားစွာ ပြတ်လပ်လာနေပြီး ကျောင်းကားတွေ မထွက်နိုင်တော့လို့ ပုဂ္ဂလိကကျောင်းတချို့ ယာယီပိတ်ထားရ…

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ စက်သုံးဆီ ဆိုးရွားစွာ ပြတ်လပ်လာနေပြီး စျေးနှုန်းမြင့်တက်လာသလို ဝယ်ယူရတာပါ ခက်ခဲလာတာကြောင့် ရန်ကုန်မြို့က ပုဂ္ဂလိကကျောင်းတချို့ ယာယီပိတ်ထားရတယ်လို့ ကျောင်းသားမိဘတွေနဲ့ ပုဂ္ဂလိကကျောင်းတွေဆီက သိရပါတယ်။
Read More

မြန်မာနိုင်ငံက တင်သွင်းလာတဲ့ စားသောက်ကုန်တချို့ စားသုံးဖို့မသင့်လျော်ကြောင်း အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံကနေ တင်သွင်းလာတဲ့ အသင့်စား စားသောက်ကုန်တချို့ဟာ ကျန်းမာရေးအတွက် မသင့်လျော်ကြောင်း အမေရိကန် အစားအသောက်ဘေးကင်းရေးနဲ့ စစ်ဆေးရေးဝန်ဆောင်မှုဌာန (FSIS) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။