ချင်းတော်လှန်ရေး အင်အားစုတွေပေါင်းစည်းမယ့် ချင်းအမျိုးသားကောင်စီနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က အသိပေးထုတ်ပြန်ပါတယ်။

ချင်းပြည် (Chinland) ကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)တို့ ပေါင်းစည်းမှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ဒီနေ့ ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာ ပေးပို့တဲ့ KNPP ရဲ့ သဝဏ်လွှာမှာ ဖော်ပြလာတာပါ။

ချင်းတော်လှန်ရေး အင်အားစုတွေအချင်းချင်း ပူးပေါင်းမှုကို ဂုဏ်ပြုကြောင်း သဝဏ်လွှာနဲ့အတူ အနာဂတ်မှာ ကောင်စီနှစ်ခု ပေါင်းစည်းဖြစ်ပေါ်လာမယ့် ချင်းအမျိုးသားကောင်စီနဲ့အတူ လက်တွဲဆောင်ရွက်မယ်လို့ အသိပေးပါတယ်။

ချင်းအမျိုးသားတွေအကြား စည်းလုံးညီညွတ်ရေးအတွက် နိုင်ငံရေးအမြင်ကြီးစွာနဲ့ ညှိနှိုင်းသဘောတူညီချက်ရရှိအောင် ဆောင်ရွက်နိုင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ချင်းနိုင်ငံရေး ဦးဆောင်အဖွဲ့ နှစ်ခုရဲ့ နိုင်ငံရေး သဘောထားကြီးမှုဟာ ပြည်သူ့နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဒီမိုကရေစီ အလေ့အကျင့်ကောင်းအဖြစ် အလေးအနက် စံပြုထိုက်တယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ချင်းပြည် (Chinland) ကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ပူးပေါင်းပြီး ချင်းအမျိုးသားကောင်စီ (Chin National Council) အဖြစ် ဖွဲ့စည်းသွားမှာ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ နှစ်ဘက်အဖွဲ့တွေက ပူးတွဲသတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

တော်လှန်ရေးကာလမှာ ချင်းပြည်သူတွေအတွက် ကောင်စီနှစ်ရပ်ရှိနေတာကြောင့် ကောင်စီသစ်တစ်ရပ်အဖြစ် ပေါင်းစည်းဖို့ သဘောတူညီခဲ့ကြတာလည်း ဖြစ်ပါတယ်။

ချင်းပြည် (Chinland) ကောင်စီမှာ ချင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ၊ Mindat Council ၊ CDF-Matupi တပ်မဟာ (၂) ၊ CDF–Lautu ၊ CDF–Tongzang ၊ CDF–Zotung၊ CDF–Hakha ၊ CDF-Thantlang ၊ CDF-Hualngoram ၊ CDF/CDM SIYIN၊ PDA – Tedim ၊ CDF – KKG၊ CDF – Mara ၊ CDF – Paletwah နဲ့ CDF – Zanniatram စတဲ့ အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကတော့ ချင်းညီနောင်အဖွဲ့ရဲ့ နိုင်ငံရေးဦးဆောင်မှုအဖြစ် လုပ်ဆောင်နေတာပါ။ ချင်းညီနောင်အဖွဲ့ကို ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ZFU/PDF – Zoland၊ CDF – Mindat ၊ CDF – Kanpalet ၊ CDF -–Matupi တပ်မဟာ (၁) နဲ့ MTC/ MDF စတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းတိုင်း ကြားကာလအစိုးရ ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦး၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးမြင့်ထွေး အသီးသီး ရွေးကောက်တင်မြှောက်ခံရ

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွက် ကြားကာလအစိုးရ ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦးကို ရွေးကောက်တင်မြှောက်လိုက်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ဒီနေ့မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ရေးလှုပ်ရှားနေသည့် ပဲခူးခရိုင် PDF အမှတ် ၂ တပ်ရင်း ရဲဘော်များ…

ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း (P2-3702) ၊ တပ်ခွဲ ( ၂ ) က ရဲဘော်တွေရဲ့ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် မြေပြင်စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဥသျှစ်ပင်မြို့နှင့် နီးကပ်နေသည့် ရခိုင်ရိုးမပေါ် တောင်ပုံကြီးစစ်ကောင်စီစခန်းကို AA တိုက်ခိုက်နေ

တောင်ကုတ်မြို့ကို ထိန်းချုပ်ထားတဲ့ AA က ပဲခူးတိုင်းအနောက်ခြမ်း၊ ဥသျှစ်ပင်မြို့နဲ့ နီးစပ်နေတဲ့ ရခိုင်ရိုးမပေါ်က တောင်ပုံကြီးစခန်းကို တိုက်ခိုက်နေလို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

ဥသျှစ်ပင်မှာ တစ်ရက်အတွင်း အသက်မပြည့်သူတွေအပါ အရပ်သား ၂၅ ယောက်ထက်မနည်း ပေါ်တာဆွဲခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂၅ ယောက်ထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှာ တနင်္သာရီတိုင်း PDF တွေ လမ်းပိုင်းစစ်ဆေး အသိပညာပေး၊ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ရာ PDF တွေနား ကျရောက်ပေါက်ကွဲပေမယ့် ထိခိုက်ဒဏ်ရာရမှု မရှိ

တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့နဲ့ ရေးဖြူမြို့နယ်အကြား ရေပုံးရွာထိပ်က အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လမ်းပိုင်းစစ်ဆေး အသိပညာပေးခဲ့တယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဟိုယတွင် MNDAA နှင့် အာဏာသိမ်းစစ်တပ် အခြေအနေ တင်းမာနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်အနီး ဟိုဟမှာ MNDAA တပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေတို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ သေနတ်ပစ်ဖောက်မှုတွေရှိခဲ့ပြီး နှစ်ဖက်အခြေအနေ တင်းမာလျက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။