ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မြကလပ်တောင်တော်ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်းကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ရဲဘော်တွေ ခက်ခက်ခဲခဲ တက်ရောက်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲရုပ်သံကို KNDF/ B-15 က ထုတ်ပြန်လိုက်ပါတယ်။

KNDF/ B-15 ရဲ့ ရှေ့တန်းမြေပြင်တိုက်ပွဲတွေ၊ စစ်ဆင်ရေးအတွင်း ခက်ခက်ခဲခဲဖြတ်သန်းရတာတွေနဲ့ ဝမ်းနည်းစရာ၊ ကြည်နူးစရာတွေကို မှတ်တမ်းတင်ရယူနိုင်ရေးအတွက် GoPro ကင်မရာဝယ်ယူနိုင်ဖို့ ရန်ပုံငွေလိုအပ်ချက် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဗီဒီယို၊ ဓာတ်ပုံ မှတ်တမ်းတွေဟာ လိမ်လည်လို့မရတဲ့ အမှန်တရားတွေဖြစ်တာကြောင့် လူငယ်တွေလျှောက်ခဲ့တဲ့ နွေဦးတော်လှန်ရေးသမိုင်းကို မှတ်တမ်းတင်အဖြစ် ထင်ကျန်ရစ်စေဖို့ GoPro ၂ လုံး ဝယ်ယူနိုင်ရေး မိဘပြည်သူတွေ ပါဝင်ကူပေးကြဖို့ KNDF/ B-15 က မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

ဘုတ်ပြင်းမြို့နယ် အခြေစိုက် ရေတပ်ရင်းမှ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကား ၁ စီး (ရုပ်/သံ)

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် အခြေစိုက် ရေတပ်ရင်းမှ အကြမ်းဖက်စစ်တပ် ကား ၁ စီးဟာ စက်တင်ဘာ ၂၇ ရက်က ကရသူရိမှ အပြန် တော်လှန်ရေးတပ်တွေ စောင့်ကြိုမိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ်ပကဖထံက သိရပါတယ်။
Read More

ထန်တလန် ဘုရားကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သားများကို တိုက်ခိုက်ပြီး နယ်မြေရှင်းလင်း (ရုပ်/သံ)

ချင်းပြည်နယ်၊ ထန်တလန်မြို့ ဘုရားကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို နိုဝင်ဘာ ၂၁ ရက်က ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ရဲဘော်တွေက တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအောက်စျေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

Southern YSO PDF မှာ နတ်မိကျောင်း စစ်ဆင်ရေး စစ်ကြောင်း (၁) ရဲဘော်အယောက် ၃၀ အတွက် ကျည်ကာဝတ်စုံတပ်ဆင်ပေး (ရုပ်/သံ)

Southern YSO PDF မှာ ရှေ့တန်းရဲဘော်တွေရဲ့ အသက်လုံခြုံရေးအတွက် ရဲဘော်အယောက် ၃၀ စာ ကျည်ကာဝတ်စုံတွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပျူစခန်း ၂ ခု ကို ၁၁ ရက်ကြာ ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်မှု ပျူ ၄ ယောက် သေ၊ ၆ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ် ဇီးပြားပျူစခန်းနဲ့ သရော်ကိုင် ပျူစခန်းကို နိုဝင်ဘာ ၂၂ ရက်ကနေ ဒီဇင်ဘာ ၃ ရက်အထိ ဒရုန်းနဲ့ ဗုံးသီးအများအပြားကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။