ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မြကလပ်တောင်တော်ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်းကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ရဲဘော်တွေ ခက်ခက်ခဲခဲ တက်ရောက်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲရုပ်သံကို KNDF/ B-15 က ထုတ်ပြန်လိုက်ပါတယ်။

KNDF/ B-15 ရဲ့ ရှေ့တန်းမြေပြင်တိုက်ပွဲတွေ၊ စစ်ဆင်ရေးအတွင်း ခက်ခက်ခဲခဲဖြတ်သန်းရတာတွေနဲ့ ဝမ်းနည်းစရာ၊ ကြည်နူးစရာတွေကို မှတ်တမ်းတင်ရယူနိုင်ရေးအတွက် GoPro ကင်မရာဝယ်ယူနိုင်ဖို့ ရန်ပုံငွေလိုအပ်ချက် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဗီဒီယို၊ ဓာတ်ပုံ မှတ်တမ်းတွေဟာ လိမ်လည်လို့မရတဲ့ အမှန်တရားတွေဖြစ်တာကြောင့် လူငယ်တွေလျှောက်ခဲ့တဲ့ နွေဦးတော်လှန်ရေးသမိုင်းကို မှတ်တမ်းတင်အဖြစ် ထင်ကျန်ရစ်စေဖို့ GoPro ၂ လုံး ဝယ်ယူနိုင်ရေး မိဘပြည်သူတွေ ပါဝင်ကူပေးကြဖို့ KNDF/ B-15 က မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

ဖာပွန်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ထံက ဟောင်ဝှစ်ဇာအမြောက် ၁ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ထံက  ဟောင်ဝှစ်ဇာအမြောက် ၁ လက်ကို KNU လက်အောက်ခံ KNLA တပ်မဟာ(၅) က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း နွားစာလာရိတ်တဲ့ ပျူစောထီး ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကန်ပျူစောထီးရွာကနေ နွားစာလာရိတ်တဲ့ ပျူစောထီး ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။ ယနေ့ နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီခွဲဝန်းကျင်ခန့်မှာ မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ပျူစောထီး ရွာအနောက်ဘက်ရှိ မြေပဲခင်းကို နွားစာရိတ်ထွက်လာတဲ့ ပျူစောထီး ၁ ယောက်ကို စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရတာပါ။
Read More

အနောက်ဘုန်းကံပျူရွာရှိ စစ်ကော်မရှင်တပ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် အနောက်ဘုန်းကံပျူရွာရှိ စစ်ကော်မရှင်တပ်သားတွေကို ရော့ကတ် ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Cobra One တပ်ဖွဲ့သတင်းပြန်ကြားရေး ဗိုလ်မြွေဟောက် က မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်မှာ ကုန်စျေးနှုန်းကျဆင်းရေးနဲ့ စက်မှုထမ်းဥပဒေအလိုမရှိကြောင်း လူငယ်တွေ လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

ရန်ကုန်မြို့မှာ ကုန်စျေးနှုန်းကျဆင်းရေးနဲ့ စက်မှုထမ်းဥပဒေအလိုမရှိကြောင်း လူငယ်တွေ လူထုသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရပါတယ်။
Read More

ကျုံဒိုးမြို့နယ် သလွဲထော်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက်သေဆုံးပြီး ကိုရင် ၁ ပါး အပါအဝင် ပြည်သူ ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် သလွဲထော်ကျေးရွာကို ဧပြီ ၁၈ ရက် မနေ့ကအကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ယောက်သေဆုံးပြီး ကိုရင် ၁ ပါးအပါအဝင် ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ ဆက်ကြေးကောက်နေတဲ့ ဂိတ်စခန်းတွေကို ၅ ရက်တာ တိုက်ခိုက်မှု စစ်သားအများအပြားသေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာ တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ ဆက်ကြေးကောက်နေတဲ့ ဂိတ်စခန်းတွေကို ၅ ရက်တာအတွင်း ဒရုန်းနဲ့ ၅၂ ကြိမ် ဗုံးသီးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Dragon Squad - TNI ထံက သိရပါတယ်။