တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နဲ့ ၁၆  ရက်က လယ်တောင်ယာရွာဝန်းကျင်မှာ ကင်းယူထားတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာမှာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းမှာ ခမရ ၅၅၈ တပ်ရင်းကို သွားရောက်တိုက်ခိုက်ပြီး ဖေဖော်ဝါရီ ၂၁ ရက် မနက်အစောပိုင်းမှာလည်း လယ်တောင်ယာရွာဝန်းကျင် ကာကင်းယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ မာတမုတ်ချုံးရွာအလွန် သိန်ခွန်းရွာကို ရိက္ခာပို့တဲ့ ယာဉ်တန်းနဲ့ ခြေလျင်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန် ပကဖ ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရန်ကုန်ပကဖ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အထိမ်းအမှတ်ပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထော-င်ချောက် ကြီး ‼️‼️

“တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို လူထုအားဖြင့် ဆန့်ကျင်ကြ” “ သင့်မဲဖြင့် တရားဝင် လူသ-တ်ခွင့် မပေးနဲ့”
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ ၁၃၅ ယောက်အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ ၁၃၅ ယောက်အတွက် နိုဝင်ဘာ ၂၈ ရက် မနေ့က အရာတော်ရွှေဂျိုးဖြူအဖွဲ့မှ လှူဒါန်းတဲ့ စားနပ်ရိက္ခာတွေကို Shwebo Crocodile အဖွဲ့က သွားရောက်သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်မှော်လှည့်သပိတ်က ဦး‌ဆောင်ပြီး စစ်ကောင်စီတပ်ကို lLO ပုဒ်မ ၃၃ အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြဖို့ လူထုလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ယနေ့မေလ ၁၉ ရက်နံနက်ပိုင်းက စစ်ကောင်စီတပ်ကကို ILO ပုဒ်မ ၃၃ အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြဖို့ တောင်းဆိုတဲ့ အနေနဲ့ လူထု လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက်-ဖားကန့်မြို့နယ်မှ ထုတ်ပြန် ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရပြီး ဆုံးပါးခဲ့ရတဲ့ NLD ဒုဥက္ကဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး အိုးဘိုထောင်အတွင်း မတရားအကျဉ်းကျခံရကာ ကင်ဆာရောဂါကို လုံလောက်တဲ့ ဆေးကုသမှုမရဘဲ ဆုံးပါးခဲ့ရတဲ့  NLD ဗဟိုအလုပ်မှုဆောင် ကော်မတီ ဒုဥက္ကဌ ၊ မန္တလေးတိုင်းဝန်ကြီးချုပ်  ဒေါက်တာဇော်မြင့်မောင်အတွက် ဝမ်နည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့တယ်လို့ Nay Pyi Taw PDF ကထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစခန်းကို ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ Fixed Wings Droneတွေနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။