ဖားကန့်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်နဲ့ KIA၊ PDFနဲ့ NUG ထောက်ခံပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒေသခံတွေနဲ့ သပိတ်အင်အားစုတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်နဲ့ KIA၊ PDFနဲ့ NUG ထောက်ခံပွဲကို ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ  ပြုလုပ်ခဲ့ကြတာပါ။

ဖားကန့်ပြည်သူတွေက ကချင်ပြည်နယ်အနှံ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲနေတဲ့ KIA KPDF နဲ့ မဟာမိတ် တပ်ဖွဲ့တွေ တိုက်ပွဲတိုင်းတွင်အနိုင်ရရှိစေဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။

“ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ” “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” “ မီးရှို့ လူသတ် မုဒိမ်းစစ်တပ်အလိုမရှိ”” နွေဦးတော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံးပါဝင်စို့ “ စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတတ်ခဲ့ကြတာပါ။

0 Shares:
You May Also Like
Read More

CRPH ၏ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဗကသများအဖွဲ့ချုပ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဇွန်လ ၁၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမြို့မရဲစခန်းကနေ လက်နက်နဲ့ အလင်းဝင်လာခဲ့တဲ့ ရဲတပ်သားကို Salingyi Revolution Eagles က ဂုဏ်ပြုဆုငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ အကြမ်းဖက်ရဲစခန်းက လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ Salingyi Revolution Eagles က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့တော်လှန်ရေး ရှိနေသရွေ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးကြီး အခန်းကဏ္ဍတစ်ခုအဖြစ် ဆက်ရှိနေမည်ဟု NUG ဝန်ကြီးချုပ် ပြော

ဘဝသက်တမ်းတစ်လျှောက်လုံး ပြည်သူလူထုနဲ့အတူ ရပ်တည်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့နွေဦးတော်လှန်ရေးနဲ့လည်း ထပ်တူ ရပ်တည်နေတာကို အခိုင်အမာ ယုံကြည်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
Read More

ညောင်ဦးမြို့နယ်၊ စဉ့်ကူရဲစခန်းမှ စစ်ကြောင်းထွက်လာသည့် စစ်တပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူနယ်မြေရဲစခန်းကနေ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၄ ယောက် သေဆုံးခဲ့တယ်လို့ Bagan Bo Cho PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွား၊ စစ်ကား ၁ စီး ထိခိုက်ပျက်စီး…

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၂၆၂ အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တို့ နှစ်ဖပ်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ Aung San's Land Natmaukအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တိုက်ပွဲရက်ဆက် ဖြစ်ပွါးခဲ့သည့် ရေစကြိုတွင် စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်သည့်  သက်ကြီးပိုင်း အရပ်သားများကို စစ်ကောင်စီ မီးရှို့သတ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က ထွက်မပြေးနိုင်တဲ့ သက်ကြီးပိုင်းအရပ်သား ၅ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။