မကွေးတိုင်း၊ ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စုလမ်းမကြီးမှာ ဖေဖော်ဝါရီ ၂၇ ရက်က တော်လှန်ရေးရဲဘော်တွေ ဗျူဟာမြောက် စစ်ဆင်ရေးအဖြစ် လမ်းပိုင်လုံခြုံရေးစစ်ဆေးမှုပြုလုပ်နေချိနိ ရဲစခန်းမှူး မောင်မောင်စိုး လိုက်ပါလာတဲ့ အိမ်စီးကားဟာ အစစ်အဆေးမခံဘဲ မောင်းပြေးတဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ Chauk Guerrilla Force အဖွဲ့ထံက သိရပါတယ်။

အိမ်စီးယာဉ်ပေါ်မှာ ချောက်မြို့နယ် မြို့မရဲစခန်းမှူး မောင်မောင်စိုးနဲ့ ရေနံမြေရဲတပ်သား ၃ ယောက် လိုက်ပါစီးနင်းလာပြီး တော်လှန်ရေးရဲဘော်တွေရဲ့ စစ်ဆေးမှုမခံဘဲ မောင်းနှင်ထွက်ပြေးတဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလမ်းပိုင်းမှာ Chauk Guerrilla Force (C.G.F) နဲ့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ချောက်ပကဖ)၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းစစ်ဆေးမှုလုပ်ဆောင်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူ သင်တောရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၆ ဦး သေဆုံး (ရုပ်/သံ)

ကန့်ဘလူမြို့နယ်၊ သင်တောရွာက ကုန်စုံဆိုင်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့တယ်လို့  Kawlin info ထံက သိရပါတယ်။
Read More

ရှားတောရွာမှ ထွက်လာသည့် စစ်တပ် တိုက်ခိုက်ခံရပြီး အများအပြား ထိခိုက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရှားတောရွာကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင် တပ်တွေကို တိုက်ခိုက်ခဲ့ရာ အများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့က အောက်တိုဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ ရိက္ခာထွက်ရှာသည့် အကြမ်းဖက်စစ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှာ ဒီဇင်ဘာ ၆ ရက် နေ့လည်ပိုင်းက ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက ကင်းပုန်းဝပ်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

KNDF ဗျူဟာအမှတ် (၆) အပတ်စဉ် (၄) သင်တန်းဆင်းပွဲ (ရုပ်/သံ)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)  ဗျူဟာ အမှတ် (၆)၊ အပတ်စဉ် (၄) အခြေခံ စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်-KNDF က ဒီညမှာ ထုတ်ပြန်ပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က လာတဲ့ အကြမ်းဖက်စစ်တပ်ကို စစ်ကြောင်းပျက်အောင် တိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေကို ပြည်သူများ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရွာအထိုင်ရဲစခန်းကို စစ်ကူပေးပြီး စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာချုပ်ကို ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ကို စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေကို ပြည် သူများ သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကင်းစခန်းကို ‌တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။