ချင်းတော်လှန်ရေး အင်အားစုတွေပေါင်းစည်းမယ့် ချင်းအမျိုးသားကောင်စီနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က အသိပေးထုတ်ပြန်ပါတယ်။

ချင်းပြည် (Chinland) ကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)တို့ ပေါင်းစည်းမှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ဒီနေ့ ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာ ပေးပို့တဲ့ KNPP ရဲ့ သဝဏ်လွှာမှာ ဖော်ပြလာတာပါ။

ချင်းတော်လှန်ရေး အင်အားစုတွေအချင်းချင်း ပူးပေါင်းမှုကို ဂုဏ်ပြုကြောင်း သဝဏ်လွှာနဲ့အတူ အနာဂတ်မှာ ကောင်စီနှစ်ခု ပေါင်းစည်းဖြစ်ပေါ်လာမယ့် ချင်းအမျိုးသားကောင်စီနဲ့အတူ လက်တွဲဆောင်ရွက်မယ်လို့ အသိပေးပါတယ်။

ချင်းအမျိုးသားတွေအကြား စည်းလုံးညီညွတ်ရေးအတွက် နိုင်ငံရေးအမြင်ကြီးစွာနဲ့ ညှိနှိုင်းသဘောတူညီချက်ရရှိအောင် ဆောင်ရွက်နိုင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ချင်းနိုင်ငံရေး ဦးဆောင်အဖွဲ့ နှစ်ခုရဲ့ နိုင်ငံရေး သဘောထားကြီးမှုဟာ ပြည်သူ့နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဒီမိုကရေစီ အလေ့အကျင့်ကောင်းအဖြစ် အလေးအနက် စံပြုထိုက်တယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ချင်းပြည် (Chinland) ကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ပူးပေါင်းပြီး ချင်းအမျိုးသားကောင်စီ (Chin National Council) အဖြစ် ဖွဲ့စည်းသွားမှာ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ နှစ်ဘက်အဖွဲ့တွေက ပူးတွဲသတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

တော်လှန်ရေးကာလမှာ ချင်းပြည်သူတွေအတွက် ကောင်စီနှစ်ရပ်ရှိနေတာကြောင့် ကောင်စီသစ်တစ်ရပ်အဖြစ် ပေါင်းစည်းဖို့ သဘောတူညီခဲ့ကြတာလည်း ဖြစ်ပါတယ်။

ချင်းပြည် (Chinland) ကောင်စီမှာ ချင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ၊ Mindat Council ၊ CDF-Matupi တပ်မဟာ (၂) ၊ CDF–Lautu ၊ CDF–Tongzang ၊ CDF–Zotung၊ CDF–Hakha ၊ CDF-Thantlang ၊ CDF-Hualngoram ၊ CDF/CDM SIYIN၊ PDA – Tedim ၊ CDF – KKG၊ CDF – Mara ၊ CDF – Paletwah နဲ့ CDF – Zanniatram စတဲ့ အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကတော့ ချင်းညီနောင်အဖွဲ့ရဲ့ နိုင်ငံရေးဦးဆောင်မှုအဖြစ် လုပ်ဆောင်နေတာပါ။ ချင်းညီနောင်အဖွဲ့ကို ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ZFU/PDF – Zoland၊ CDF – Mindat ၊ CDF – Kanpalet ၊ CDF -–Matupi တပ်မဟာ (၁) နဲ့ MTC/ MDF စတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူနယ်ထဲ စစ်တပ်က မီးဝင်ရှို့နေလို့ ဒေသခံ ရာနဲ့ချီ တိမ်းရှောင်နေရပြီး ရာသီဥတုအအေးဒဏ်ကြောင့် ဒုက္ခများနေကြ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရေလာလေးစခန်းတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုက အနီးအနား ကျေးရွာတွေဆီ စစ်ကြောင်းဝင်မီးရှို့တာတွေ လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လမ်းပေါ်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ယာဉ်ထိန်းရဲမေတစ်ယောက် မိုင်းခွဲခံရပြီး စိုးရိမ်လူနာအဖြစ် ဆေးရုံရောက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ငွေတောင်းကြမ်းတဲ့ ယာဥ်ထိန်းရဲမေ သဲသဲ ဆိုသူ မိုင်းခွဲတိုက်ခံရပြီး ထိခိုက်ဒဏ်ရာ​ပြင်းထန်တာကြောင့် နေပြည်တော် စစ်ဆေးရုံမှာ တက်ရောက်ကုသနေရကြောင်း မင်းဘူးခရိုင်၊ အမှတ် ၄ တပ်ရင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တွံတေး ပကဖ တတိယအကြိမ်မြောက် တပ်သားသစ်တွေ ခေါ်ယူနေ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံ ဝင်ရောက်တာဝန်ထမ်းလိုတဲ့ လူငယ်တွေကို တတိယအကြိမ်မြောက် တပ်သားသစ်တွေအဖြစ် ခေါ်ယူနေပါတယ်။
Read More

အာဏာသိမ်းစစ်တပ် နေအိမ်မီးရှို့ဖျက်ဆီးမှုများအနက် စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံး၏ ၆၉ ရာခိုင်နှုန်းအထိ ရှိနေ

အာဏာသိမ်းစစ်တပ်ရဲ့ ကျေးရွာတွေအတွင်း စစ်‌ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပျက်စီးဆုံးရှုံးရမှုတွေထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၇ သောင်းကျော်အထိ ဖျက်ဆီးခံခဲ့ရပြီး နိုင်ငံတစ်ဝန်း အများဆုံးဖြစ်ခဲ့တယ်လို့ Data For Myanmar က အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ စစ်ရေးလှုပ်ရှားနေသည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားများ ကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ P29999 - အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းတွေမှာ တပြိုင်တည်း ကျင်းပခဲ့တယ်လို့ ဒီနေ့မှာ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

သံဖြူဇရပ်-ရေးအမြန်လမ်းတွင် ရွေးကောက်ပွဲ သင်တန်းတက်မည့် Non-CDM ပညာရေးဝန်ထမ်းများကို ဖမ်းမိ၊ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး အမြန်လမ်းမှာ တော်လှန်ရေးတပ်တွေ လုံခြုံရေးယူနေချိန် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် သင်တန်းတက်မယ့် Non-CDM ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။