ပဲခူးတိုင်း၊ သဲကုန်းမြို့ မြို့အဝင်အထွက် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁) – ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့ မနက်ပိုင်းက သဲကုန်းမြို့၊ တယ်သီးပင်ရပ်ကွက်ရှိ ဆရာအတတ်သင်(၁)လမ်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပြည်ခရိုင်တပ်ရင်း တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၃)နဲ့ တပ်ခွဲ (၄)က ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးကာ PDF ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က စစ်ရေးအရှိန်မြှင့်တင်လာပြီ ဖြစ်တာကြောင့် ပြည်သူတွေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အတူတကွနေထိုင်ခြင်း၊ လမ်းပြခြင်း၊ ကား၊ ဆိုင်ကယ်တို့ကို ငှားရမ်းခြင်းတွေ မပြုလုပ်ကြဖို့ကိုလည်း ပြည်ခရိုင် တပ်ရင်း(၃၆၀၁)က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျဆုံးရဲဘော်တွေနဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်သွားကြတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဂန့်ဂေါခရိုင် တပ်ရင်း ၆ ကူညီထောက်ပံ့ဂါရဝပြု…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် အမှတ် (၆) တပ်ရင်းအနေနဲ့ တပ်ရင်းမှာ တော်လှန်ရေးအစကတည်းက တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်တွေနဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်သွားကြတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို သွားရောက် အလေးပြုပြီး ဆန်၊ဆီ စတဲ့ လှူဖွယ်ဝတ္ထု တို့နဲ့ ဂါရဝထား ကန်တော့ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းတပ်သား ၂ ဦး တောကြီးမြွေဟောက်တပ်ဖွဲ့ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်း တပ်သားသစ် ၂ယောက် အလင်းဝင်ရောက်ခိုလှုံလာခဲ့တယ်လို့ တောကြီးမြွေဟောက်တပ်ဖွဲ့ (Cobra King Force) က ဒီမနက် ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့ရှိ စစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၂ ဦးနှင့် ပျူ ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက်နဲ့ ပျူစောထီး ၁ ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၅)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနဲ့ နောင်လင်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မနေ့ကတစ်ရက်တည်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအလုံး (၇၀) ၊ ဒရုန်းနဲ့ ဗုံး (၃၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

လန်ဒန်ရောက်မြန်မာတွေ ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ဖို့ Myanmar Unity Movement တိုက်တွန်း

အမှန်တရားအတွက် ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ လန်ဒန်ရောက်မြန်မာတွေအနေနဲ့ ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်ကြဖို့ Myanmar Unity Movement (MUM) က တိုက်တွန်းလိုက်ပါတယ်။ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ‘လွတ်လပ်ခွင့်’ အတွက် ဘယ်တော့မှ နောက်မဆုတ်ဘဲ ဆက်လက်ဆန္ဒပြနေရမှာဖြစ်တဲ့အတွက် လန်ဒန်ရောက်မြန်မာတွေ ပူးပေါင်းပါဝင်ဖို့ Myanmar Unity Movement (MUM) က အခုလို တိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်။
Read More

စစ်အာဏာရှင်တွေကို တိုက်ထုတ်ဖို့ မန္တလေး PDF ဖိတ်ခေါ်

“စစ်မှုထမ်း အပတ်စဉ် ဆိုတာကလဲ အပတ်စဉ် (၁၂)နဲ့ တင်မက နောက်ထပ်ရသလောက်၊ သူတို့လိုသလောက် ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်လို့ ဒီကိစ္စက တောရော မြို့ပါမကျန် လူငယ်တိုင်း သတိချပ်ကြပါ။ နောက်ဆုံးမဖြစ်မနေ လက်နက်ကိုင် တိုက်ပွဲဝင်ရတော့မယ်ဆိုရင်လည်း တရားသောဘက်ကပဲ ရပ်တည်ဖို့ ဆုံးဖြတ်ကြပါ” လို့လည်း MDY PDF က‌ထုတ်ပြန်ထားပါတယ်။