တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကစိကျေးရွာနဲ့ ဥတ္တူကျေးရွာအနီးမှာ ထားဝယ်ခရိုင် တပ်ပေါင်းစုနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ်၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွါးခဲ့တဲ့ အဲဒီတိုက်ပွဲမှာ ရန်သူ့စစ်ကြောင်း ဖွဲ့စည်းပုံပျက်ကာ အထိနာ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သား အများအပြားသေပြီး တော်လှန်ရေးဘက်က ရဲဘော် ၃ ယောက်ကျဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း (T1)၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း (T5) နဲ့​ဒေါင်းညီ​နောင်စစ်​ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး MA 10 RPG ၁ လက်၊ MA1 ၂ လက်၊ MG3 ၁ လက်နဲ့ အခြားစစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၅ ရက် ဒီနေ့ မနက်အစောပိုင်းမှာ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဗန်းမော်မြို့စျေးကို အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲဖျက်ဆီး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့စျေးကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကသာခရိုင် ၊ အမှတ် - ၄ တပ်ရင်း / K4 က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်စဉ် PDF ရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ လျှပ်စီးတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။
Read More

8+ အညာမြေစစ်ဆင်ရေးအဖွဲ့ မွမ်းမံသင်တန်း ကျင်းပပြီးစီး (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး၊ 8+ အညာမြေစစ်ဆင်ရေးအဖွဲ့ ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲကို ဧပြီ ၂၃ ရက်က ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

မြိတ်မြို့ တုံးဗျောကြီးကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တုံးဗျောကြီး‌ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို မတ်လ ၂ ရက် ညပိုင်းက ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံက သိရပါတယ်။
Read More

တောင်သာမြို့နယ် အထကကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ပြီး မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း အလံလွှင့်တင် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အထက ၁ ကျောင်းမှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။