၃ကြိမ်တိုင် လေလံတင် ရောင်းချခဲ့ရာ ဝယ်ယူသူမရှိခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) နေအိမ်ကို ကျပ်ငွေ (၂၇၀) ဘီလျံနဲ့ ထပ်မံဈေးလျှော့ ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြလိုက်ပါတယ်။

ရန်ကုန်မြို့က ခြံအမှတ် (၅၄) လို့ကျော်ကြားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ အိမ်ကို ကျပ်ငွေ (၃၁၅) ဘီလီယံနဲ့ တစ်ကြိမ်၊ (၃၀၀)ဘီလီယံနဲ့ တစ်ကြိမ် လေလံတင် ရောင်းချခဲ့ပြီး တတိယအကြိမ်မှာ (၂၉၇)ဘီလျံနဲ့ လေလံတင်ခဲ့ပေမယ့်လည်း ဝယ်ယူသူမရှိခဲ့ပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က ထပ်မံပြီး လေလံစျေးကို ၂၇၀ ဘီလီယံအထိ လျှော့ချပြီးရောင်းချဖို့ တင်ပြလာတာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်အမည်ပေါက်ဖြစ်တဲ့ ခြံအမှတ် (၅၄) ရဲ့ ဧရိယာအကျယ်အဝန်းဟာ (၁.၉၂၃) ဧက ကျယ်ဝန်းကြောင်းသိရပါတယ်။

သမိုင်းဝင်အိမ်တစ်ခုဖြစ်လာနိုင်တဲ့ ဒီနေရာကို အခုလို ရောင်းချမယ့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ပြည်သူအများစုက ကန့်ကွက်မှုတွေလည်း ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

လူထုခေါင်းဆောင်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံနေရချိန် အခုလို လုပ်ဆောင်မှုဟာ တရားမျှတမှုမရှိဘူးလို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ခြံအမှတ် (၅၄) နဲ့ ခြံအတွင်း နေအိမ်ဟာ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့စဥ်က ဩဇာကြီးမားတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ လာရောက်လည်ပတ်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ဖူးတဲ့ သမိုင်းအထောက်အထားဆိုင်ရာ နေရာတစ်ခုဖြစ်တာကြောင့် အမွေအနှစ်နေရာတစ်ခုအဖြစ် ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စျေးထွက်ဝယ်ရင်း ပစ်ခတ်ခံရပြီး စစ်သား ၃ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ တပ်စွဲရာနေရာကနေ စျေးထွက်ဝယ်တဲ့ အကြမ်းဖက်စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ယောက်သေဆုံးပြီး သေနတ် ၃ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Yephyu People Defense Force က ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်း သင်တန်းဆင်းနှစ်ဦးနဲ့ ရဲတပ်သားတစ်ဦး အလင်း၀င်

ရန်ကုန်နဲ့ ရွှေဘိုမှ စစ်မှုထမ်း သင်တန်းဆင်း ၂ ဦး ထီးလင်းမြို့မ ရဲစခန်းမှ ရဲတပ်သား၁ ဦး တို့လက်နက်နဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF အဖွဲ့မှ သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ တိုက်ပွဲအတွင်း ခရီးသည်များ ပိတ်မိနေခဲ့၊ ၃ နှစ်သား က​လေးငယ်နှင့် မိခင်ဖြစ်သူအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲအတွင်း ပိတ်မိတဲ့ ခရီးသည်​တွေထဲက ၃ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

(၇၆) နှစ် မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (KNLA day) ဂုဏ်ပြုပွဲ အခမ်းအနား… (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်းအရုံး (မြိတ်-ထားခရိုင်) တပ်မဟာ (၄) ဌာနချုပ်ဟောင်း‌ မယ်သမီခီး(ထီးခီး) မှာ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် တပ်မဟာ (၄) ခေါင်းဆောင်တွေ ဦးဆောင်ပြီး ဇူလိုင်လ (၅)ရက် ဒီနေ့မှာ ကျရောက်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နေ့ (K.N.L.A) day ဂုဏ်ပြုပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေပြတ်လပ်မှုကြောင့် ဒိုက်ဦးအကျဉ်းထောင်က အကျဉ်းသူတွေ အရေပြားရောဂါခံစားနေရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေနဲ့ ချိုးရေ ပြတ်လပ်နေတာကြောင့် ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေ အရေပြားရောဂါ ခံစားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကလေးမြို့နယ် ပကဖ က ပြည်သူများအတွက် ဗုံးခိုကျင်းတူးပေးပြီး ဘေးအန္တရာယ် လျှော့ချရေး ဇာတ်တိုက်လေ့ကျင့်မှု ကွင်းဆင်းပြုလုပ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဗုံးခိုကျင်းတွေ တူးဖော်ပေးပြီး ဘေးအန္တရာယ် လျှော့ချရေး ဇာတ်တိုက်လေ့ကျင့်မှုကို ကွင်းဆင်းပြုလုပ်ပေးနေတယ်လို့ ကလေးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။