စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွါးနေခြင်းမရှိဘဲ စစ်တပ်က ပေါင် ၁၀၀ ဗုံး (၂) ကြဲချကာ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

မနေ့က ဖေဖော်ဝါရီလ ၂၆ ရက် မနက် ၁၁ နာရီ ဝန်းကျင်အချိန်မှာ မိတ္ထီလာရှမ်းတဲလေဆိပ်ကနေ တက်လာတဲ့ စစ်ကောင်စီရဲ့ MiG-29 ဂျက်ဖိုက်တာဟာ ရေဦးမြို့နယ်၊ မဲအိုးရွာ ဖောင်တော်ဦးဘုရားကုန်းဘက်ကို ပေါင် ၁၀၀ ဗုံး (၂) လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

“ကျရောက်ပေါက်ကွဲတာက ဖောင်တော်ဦးဘုရားကုန်းဘေး ရေကန်ထဲကို ၂လုံးစလုံး ပေါက်ကွဲခဲ့တာပါ၊ ပြည်သူထိခိုက်မှုမရှိခဲ့ပါဘူး၊ ဖောင်တော်ဦးဘုရားစေတီဘေး ရေကန်ထဲ ပေါက်ကွဲခဲ့တာကြောင့်  လွင့်စင်လာတဲ့ ပေါင် ၁၀၀ ဗုံး ကျည်စတွေက စေတီကိုလည်းထိတယ်၊ စေတီဘေးက အုတ်တံတိုင်းကိုလည်း ထိမှန်ပျက်စီးတယ်” လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။ 

စစ်ကောင်စီဟာ မင်္ဂလာပွဲကျင်းပနေတာကို သတင်းရတာကြောင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပေမယ့် ဗုံးကျရောက်ပေါက်ကွဲတဲ့ ဘုရားကုန်းနေရာဟာ မင်္ဂလာပွဲကျင်းပနေတဲ့ နေရာမဟုတ်တာကြောင့် ပြည်သူတွေ ထိခိုက်မှု မရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။  

ကိုထူးခန့်ဇော်က ဆက်လက်ပြီး “ဖောင်တော်ဦးစေတီပုထိုး ဝန်းကျင်တစ်ခုလုံး ရစရာမရှိတော့ဘူး၊ လူတွေမထိပေမယ့် မင်္ဂလာပွဲကိုလာကြတဲ့ အဝေးက ရပ်ဝေးဧည့်သည်တွေရော  မဲအိုးရွာက ရွာခံပြည်သူတွေရော ဖိုက်တာကြဲတာနဲ့ ပြေးတဲ့သူကပြေး ဝပ်တဲ့သူကဝပ် တိမ်းရှောင်ကြရတယ်” လို့ အခြေအနေတွေကို ရှင်းပြပါတယ်။ 

စစ်ကောင်စီက မင်္ဂလာပွဲ၊ အလှူပွဲ၊ လူစုလူဝေးပွဲတွေကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေ အပါအဝင် မိဘပြည်သူတွေပါ လူစုလူဝေးပွဲတွေကို အကျယ်တဝင့် မပြုလုပ်ကြဖို့ကိုလည်း People’s Defense Comrade ကနေ အသိပေး ထုတ်ပြန်ထားပါတယ်။ 

“အစ်ကိုတို့အနေနဲ့ကတော့ မလုပ်သင့် မလုပ်ထိုက်တဲ့ အချိန်အခါမျိုးမှာ လူစုလူဝေးပွဲတွေ လူသိရှင်ကြား ဖြစ်စေနိုင်မယ့် ပွဲမျိုးတွေ မလုပ်စေချင်ဘူးဗျ၊ ကြားထဲက ခံရရင် ကိုယ့်ပြည်သူတွေသာလျှင် အသက်ဆုံးရှုံးကြရတာမို့ သတိထားဆင်ခြင်ပြီး ဂရုစိုက်စေချင်ပါတယ်” လို့ သူကဆိုခဲ့ပါတယ်။

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် မဲအိုးရွာ ဖောင်တော်ဦးဘုရား ထိခိုက်ပျက်စီးခဲ့ပုံ (ဓာတ်ပုံ ထူးခန့်ဇော် (အမေ့သား))

0 Shares:
You May Also Like
Read More

စစ်ကောင်စီကို လေယာဉ်ဆီအပါအဝင် လေယာဉ်အစိတ်အပိုင်းနဲ့ နည်းပညာတွေ တင်သွင်းမှု စောင့်ကြည့်နိုင်တဲ့ ယန္တရားထူထောင်ပြီး ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ တောင်းဆိုတိုက်တွန်း

မြန်မာနိုင်ငံကိုတင်သွင်းမယ့် လေယာဉ်ဆီတွေကို စောင့်ကြည့်နိုင်တဲ့ ယန္တရားတစ်ခု ထူထောင်ပြီး ထိရောက်တဲ့ စိစစ်မှုတွေပြုလုပ်ဖို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ဒီနေ့ ဇန်နဝါရီ ၁၀ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

၆ လတာအတွင်း အရပ်သားပစ်မှတ်များကို တိုက်ခိုက်မှု ၆ ဆ နီးပါးမြင့်တက်လာ

ပြီးခဲ့တဲ့  ၆လတာ ကာလအတွင်း အာဏာသိမ်းစစ်တပ်က အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှုက ၆ ဆအထိ မြင့်တက်လာကြောင်း ပဉ္စမမဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့ (PMCSG) က အသိပေးထုတ်ပြန်ပါတယ်။ 
Read More

ဂန့်ဂေါမှာ စစ်ကောင်စီ စစ်ကြောင်းထိုးပြီး ကလေးငယ် ၄ဦး အပါအဝင် ၁၁ ဦးကို သတ်ခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မရွာကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းပြီး ကလေးငယ် ၄ ယောက် အပါအဝင် ၁၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သပြေညွန့်စစ်စခန်းကို KNLA နှင့် PDF ပူး​​ပေါင်းတပ်များ သိမ်းပိုက်ရရှိ၊ မျက်မြင် စစ်ကောင်စီအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၇၃ တပ်ရင်း လက်အောက်ခံ သပြေညွန့်စခန်းကို ၃ ရက်ကြာတိုက်ခိုက်ပြီးတဲ့နောက် တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲပြင်းထန်တဲ့ မင်းတပ်မှာ စစ်ကောင်စီ လေကြောင်းရော မြေပြင်ပါ အပြင်းအထန်ခုခံပေမယ့် ခြေကုပ်ယူစရာနေရာ ကျဉ်းသထက်ကျဉ်းလာနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီ​အတွက် ခြေကုပ်ယူစရာနေရာ ပိုကျဥ်းလာပြီလို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမန်က မောင်းကို ပြောပါတယ်။
Read More

TNLA ထိန်းချုပ်ရာဒေသတွေက အမျိုးသမီးတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့ ကွင်းဆင်း အသိပညာပေး

TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက တစ်လတာအတွင်း ကျေးရွာပေါင်း ၃၀ကျော်မှာ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းအသိပညာပေးမှုတွေပြုလုပ်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။