ချင်းပြည်နယ်၊ မင်းတပ်မြို့ကို တော်လှန်ရေးတပ်တွေ အလုံးစုံထိန်းချုပ်ပြီးတဲ့နောက် ပြန်လည်နေထိုင်ကြမယ့် ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့ ခွေးနဲ့ ကြောင်တွေကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကာကွယ်ဆေးထိုးနှံပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့တွင်းမှာ ပိုင်ရှင်မဲ့အဖြစ် လေလွင့်နေတဲ့ ခွေးနဲ့ ကြောင်တွေအပြင် အိမ်မွေးခွေးနဲ့ ကြောင်တွေကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနဲ့ကုသရေးဌာနက ခွေးရူးပြန်ကာကွယ်ဆေး (Anti-Rabies Vaccine-Nobivac USA) တွေကို အခမဲ့ လိုက်လံထိုးပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေကို တိရစ္ဆာန်တွေကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေအကြောင်း ပညာပေး ဟောပြောပွဲတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့ကို CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်တပ်ဖွဲ့နဲ့ မဟာမိတ်​တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှာ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လက်ရှိမှာ အုပ်ချုပ်ရေးယန္တရား​တွေကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နယ်မြေများ လက်လွှတ်ခဲ့ရသည့်အပေါ် MDY-PDF တောင်းပန်၊ ဆုံးရှုံးနယ်မြေများအား ပြန်လည်သိမ်းပိုက်မည်ဟု ကတိပြု၊

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီညီ ဆင်နွှဲခဲ့တဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဦးဆောင်တဲ့ တော်လှန်ရေးတပ်များ သိမ်းပိုက်စိုးမိုးထားနိုင်ခဲ့တဲ့ နယ်မြေတွေကနေ ဆုတ်ခွာပေးခဲ့ရတဲ့အပေါ် တောင်းပန်ကြောင်းနဲ့ အဆိုပါဆုံးရှုံးနယ်မြေများကို ပြန်လည်သိမ်းပိုက်သွားမှာဖြစ်ကြောင်း MDY-PDF က ဒီကနေ့ အသိပေးထုတ်ပြန်လာပါတယ်။
Read More

ပခုက္ကူခရိုင် PDF တပ်ရင်း ၃ ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသလက်အောက်ရှိ ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်း၊ အမှတ် ၁၀ တပ်ရင်းနဲ့ အမှတ် ၁၇ တပ်ရင်းတို့ရဲ့ မွမ်းမံသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

စည်းလုံးညီညွတ်မှုရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ပါက ကရင့်တော်လှန်ရေးအောင်မြင်မယ်လို KNU ဥက္ကဋ္ဌ ပြော

ကရင့်တော်လှန်ရေး အောင်မြင်ဖို့ အဓိကသော့ချက်ဟာ စည်းလုံးညီညွတ်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
Read More

ပေါက်တောက မွတ်ဆလင်ဒုက္ခသည်တွေကို AA က စားနပ်ရိက္ခာ ထောက်ပံ့ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ရေး လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲ IDP စခန်းက မွတ်ဆလင်ဒုက္ခသည်တွေကို ရက္ခိုင့်တပ်တော် AA က စားရိက္ခာထောက်ပံ့ပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် ULA/AA ရဲ့ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ဇန်နဝါရီလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်တံခါးမြို့နယ် စစ်ကောင်စီရဲ့ ရထားသံလမ်းဂိတ်ကင်းစခန်း ၅ ခုကို တပြိုင်တည်း ဝင်ရောက်စီးနင်း မီးရှို့မှု (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ရထားသံလမ်းတံတားအမှတ် ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၄၈ နဲ့ ၁၄၉ ရှိ စစ်ကောင်စီ သံလမ်းကင်းတဲစခန်းတွေကို ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့  ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း ၊ P2 -3702 က ထုတ်ပြန်ထားပါတယ်။