ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ရထားသံလမ်းတံတားအမှတ် ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၄၈ နဲ့ ၁၄၉ ရှိ စစ်ကောင်စီ သံလမ်းကင်းတဲစခန်းတွေကို ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့  ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း ၊ P2 -3702 က ထုတ်ပြန်ထားပါတယ်။

ဂိတ်စခန်း ၅ ခုလုံးကို တော်လှန်‌ရေးတပ်တွေ တပြိုင်တည်း စီးနင်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးကာ စခန်းကနေ MA ကျည်​ဘောက် ၂ ဘောက်နဲ့ MA ကျည်အတောင့် ၂၀  သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို KNLA၊ P2-3702 တပ်ရင်း၊Spring Warriors Column တပ်ရင်းတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး P2-3702 တပ်ရင်းက ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအပြီး အဲဒီနေ့ညပိုင်းမှာပဲ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်းကို KNLA တပ်ရင်း(၉) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ရှော့တိုက်ဒုံး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်တောင် ရပ်ကွက် ၃ ကို စစ်ကော်မရှင်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ယောက် သေဆုံးကာ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်ဒေသခံတွေထံက သိရပါတယ်။
Read More

ရွှေကုက္ကိုလ်နယ်မြေရှိ ၁၂ ထပ် ကျားဖြန့်အဆောက်အအုံကို စစ်ကော်မရှင် ဖြိုချဖျက်ဆီးပြ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်နယ်မြေရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာ ၁၂ ထပ်ရှိတဲ့ အဆောက်အအုံကို စစ်ကော်မရှင်က ဒီနေ့ ဖောက်ခွဲ ဖြိုချပြခဲ့ပါတယ်။
Read More

CDF-Mindat ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၅) ရဲဘော်များ စစ်ရေးလေ့ကျင့်မှု ပုံရိပ်များ (ရုပ်/သံ)

ချင်းညီနောင် (CB)/CDF-Mindat ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၅) ရဲဘော်တွေရဲ့ စစ် ‌ရေးလေ့ကျင့်မှု ပုံရိပ်တွေကို Chin Defence Force - Mindat က ထုတ်ပြန်လိုက်ပါတယ်။
Read More

မယ်ဆိုင်မှ တာချီလိတ်သို့ ပို့ဆောင်မည့် လက်လုပ်ပစ္စတို ၂၅ လက်အား သုံးဘီးယာဉ်အတွင်း ဖမ်းမိ (ရုပ်/သံ)

ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ မြန်မာနိုင်ငံ တာချီလိတ်ကို ဝင်ရောက်မယ့် သုံးဘီးယာဉ် ၁ စီးအတွင်းကနေ လက်လုပ်ပစ္စတို ၂၅ လက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း ရိက္ခာသယ်ထွက်လာသည့် ပျူစောထီး ၈ ဦးကို ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း ငွေတွင်းပျူစခန်းကနေ ရိက္ခာသယ်ထွက်လာတဲ့ ပျူစောထီး ၈ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Ngwe Dwin Revolution Force က သတင်းထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မြို့ပေါ် စစ်ကော်မရှင်တပ်စွဲထားသည့် နေရာများကို လက်နက်ကြီးငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ညောင်ဦးခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။