စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက သီးလုံးကျေးရွာက ပျူစောထီးဘန်ကာစခန်းကို RPG ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ရွှေဘိုမြို့နယ်အနောက်ခြမ်း သီးလုံး ပျူစောထီးဘန်ကာကင်းစခန်းမှာ ပျူစောထီးတွေ စုဝေးနေကြောင်း သတင်းရတာကြောင့် တော်လှန်ရေးရဲဘော်တွေက RPG ၊ လက်နက်ငယ်တွေနဲ့ အနီးကပ် ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိင်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့ မနက်ပိုင်းမှာ သီးလုံးကျေးရွာနဲ့ ဇီးဖြူကုန်းကျေးရွာတွေက စစ်သားတွေနဲ့ ပျူစောထီးတွေဟာ နှမစားရစ်ကျေးရွာကို ဝင်ရောက်ပစ်ခတ်ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေချိန် တန်ပြန်တိုက်စစ်အနေနဲ့ သီးလုံးကျေးရွာ ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Shwebo Crocodile ၊ Shwebo Federal Army ၊ ဒေါင်းစစ်သည်နဲ့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူတွေကို မတရား ဖိနှိပ်အနိုင်ကျင့်နေတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ ဆန့်ကျင်ကန့်ကွက်ပွဲပြုလုပ် (ဓာတ်ပုံသတင်း)

တရုတ်နိုင်ငံမှ မြန်မာစစ်အုပ်စုကို ထောက်ပံ့ကူညီနေမှုများကို အမြန်ဆုံးရပ်တန့်ဖို့ဆန့်ကျင်ကန့်ကွက်ပွဲကိုပြုလုပ်အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

မုံရွာမှာ ပေါ်တာဆွဲဖို့လုပ်နေတဲ့ စစ်​အုပ်စုလှည့်ကင်းကား ပစ်ခတ်တိုက်ခိုက်ခံရ၊ ရဲနဲ့ စစ်သား ၄ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပေါ်တာဆွဲဖို့ကင်းလှည့်နေတဲ့ စစ်အုပ်စုကားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ရဲနဲ့စစ်သား ၄ယောက် သေဆုံးသွားတယ်လို့ မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်း တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ဖက်ရေးရာ မွမ်းမံသင်တန်းလုပ်နေသည့် ကန်နီပျူစောထီး ကျေးရွာကို တော်လှန်ရေးတပ်များ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ဖက်ရေးရာ မွမ်းမံသင်တန်းလုပ်နေတဲ့ ကန်နီပျူစောထီးရွာကို လက်နက်ကြီးတွေနဲ့ ၂ရက်ဆက် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုဗစ်တာက မောင်းကိုပြောပါတယ်။
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်လာတဲ့ စစ်ကြောင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်ရိက္ခာကား မောင်းပေးသူတစ်ဦးကို အကြမ်းဖက် စစ်အုပ်စု သတ်ဖြတ်

မကွေးတိုင်း၊ ပခုက္ကူကနေထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရိက္ခာကားမောင်းနှင်းလာသူတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပခုက္ကူမြို့မှ ပေါက်မြို့သို့ ၂ လကျော်ကြာ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ယာဥ်တန်းကြောင့် စစ်ဘေးရှောင်ရသည့် ပြည်သူများကို ရိက္ခာထောက်ပံ့… (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ပခုက္ကူမြို့ကနေ ပေါက်မြို့ကို ၂ လကျော်ကြာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ယာဥ်တန်းကြောင့် စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေကို Pakokku Special Task Force မှ ရဲဘော်တွေနဲ့အတူ ANTS နဲ့ အညာမြေ အဖွဲ့တို့ ပူး​​ပေါင်းပြီး ဆန်၊ ဆီတွေ သွားရောက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။