မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ကျောသာကျေးရွာနဲ့ သပြေစမ်းကျေးရွာကြားမှာ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက ဒုရဲအုပ် ရန်နိုင်ဌေး ဦးဆောင်ကာ ရဲ ၅ ယောက် စီးနင်းလာတဲ့ သာသနာရေး နံပါတ်ပြားကပ်ယာဉ်ကို တော်လှန် ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်အမှတ် (၅)တပ်ရင်းထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ယာဉ်ဟာ တိမ်းမှောက်သွားပြီးနောက် မိနစ် ၃၀ ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ရဲ ၃ ယောက်သေပြီး၂ ယောက်အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ဒါ့အပြင် 79 တစ်လက်၊ ၄၀မမ ဗုံးသီးနှစ်လုံး ၊ MA-13 ၁ လက်၊ MA-13 ကျည် ၁၃၀တောင့် ၊ G3ကျည် ၁၂၀ တောင့် ၊ လက်ပစ်ဗုံး ၁ လုံး ၊ ခြောက်လုံးပြူးသေနတ် ၁ လက် ၊ လက်ကိုင်ဖုန်း ၅ လုံး ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား ၅ ခုနဲ့ ဝန်ထမ်းကဒ် ၂ ခု သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၅ တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေး ပုဏ္ဏဝတီတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တပ်မ ၃၃ စစ်သားများ စစ်ကြောင်းပြုတ်အောင် တိုက်ခိုက်ခံရ (ရုပ်/သံ)

ရွှေဘိုခရိုင်နဲ့ ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ စစ်ကော်မရှင်တပ်သားတွေကို စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် တပ်မ ၁၀၁ မှ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ယောက်သေခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ် သေ့ဘောဘိုးစခန်းမကျစေရေး လက်နက်ကြီးနဲ့ ‌လေကြောင်းပစ်ကူပေးပြီး အပြင်းအထန် ခုခံတိုက်ခိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘောဘိုးစခန်းမကျစေရေး စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေပေးနေပြီး အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

သရက်မြို့နယ် ဆင်ကော်ရဲစခန်းအား တော်လှန်ရေးတပ်များ ပိတ်ဆို့တိုက်ခိုက်မှု စစ်ကော်မရှင်တပ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၄ ရက်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ် - ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမောက်မြို့အဝင် ဆိုင်းဘုတ်တွင် PDF များ အောင်ပွဲခံ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် PDF အလံတွေကိုင်ဆောင်ကာ အောင်ပွဲခံနေတဲ့ PDF ရဲဘော်တွေရဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ နတ်ရေကန်စခန်းကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မုံရွာ-မန္တလေးလမ်းပိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာမှာ အင်အား ၁၀၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မေလ ၁၁ ရက် နေ့လယ်ပိုင်းက ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။