တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကစိကျေးရွာနဲ့ ဥတ္တူကျေးရွာအနီးမှာ ထားဝယ်ခရိုင် တပ်ပေါင်းစုနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ်၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွါးခဲ့တဲ့ အဲဒီတိုက်ပွဲမှာ ရန်သူ့စစ်ကြောင်း ဖွဲ့စည်းပုံပျက်ကာ အထိနာ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သား အများအပြားသေပြီး တော်လှန်ရေးဘက်က ရဲဘော် ၃ ယောက်ကျဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း (T1)၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း (T5) နဲ့​ဒေါင်းညီ​နောင်စစ်​ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး MA 10 RPG ၁ လက်၊ MA1 ၂ လက်၊ MG3 ၁ လက်နဲ့ အခြားစစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အမျိုးသားလွတ်မြောက်‌ရေးတပ်တော် အပတ်စဉ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြီးစီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကဘော်ဒေသ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် အပတ်စဉ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အမှတ် ၂ စစ်ဒေသခွဲ တိုင်းစစ်ဌာန(ရန်ကုန်) P25102 တပ်ရင်းက သင်တန်းသားရဲဘော်တွေရဲ့ ပုံရိပ်များ (ရုပ်/သံ)

အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နိုင်ဖို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ၊ တိုင်းစစ်ဌာန (ရန်ကုန်) P25102 တပ်ရင်းမှာ အခြေခံစစ်ပညာတက်ရောက်သင်ယူနေတဲ့ ရဲဘော်တွေရဲ့ ပုံရိပ်ကို အိမ်ပြန်လမ်းပေါ်က ခြေလှမ်းများခေါင်းစဉ်နဲ့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

အသံတိတ်သပိတ်တွင် တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်ကြရန် ဒေါက်တာဇော်ဝေစိုး တိုက်တွန်း (ရုပ်/သံ)

"Silent Strike အပြင်မထွက် အသံတိတ်သပိတ် ဒီဇင်ဘာလ ၁၀ ရက် မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ပြည်သူအားလုံး ပါဝင်ဆင်နွှဲကြ” လို့ ဒေါက်တာဇော်ဝေစိုးက ပြောဆိုတိုက်တွန်းထားပါတယ်။
Read More

အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာရဲစခန်းကနေ ဂမုန်းရေလှောင်တမံသို့ ထွက်လာတဲ့ အင်အား ၁၂ ယောက်ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်ကြောင်းကို အောက် တိုဘာ ၄ ရက် နံနက်ပိုင်းက စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုထံက သိရပါတယ်။
Read More

ကျရာတာဝန် ထမ်းဆောင်ရင်း ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြသည့် ရဲဘော်များ (ရုပ်/သံ)

ဒီနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းက ရဲဘော်တွေဟာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။