၃ကြိမ်တိုင် လေလံတင် ရောင်းချခဲ့ရာ ဝယ်ယူသူမရှိခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) နေအိမ်ကို ကျပ်ငွေ (၂၇၀) ဘီလျံနဲ့ ထပ်မံဈေးလျှော့ ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြလိုက်ပါတယ်။

ရန်ကုန်မြို့က ခြံအမှတ် (၅၄) လို့ကျော်ကြားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ အိမ်ကို ကျပ်ငွေ (၃၁၅) ဘီလီယံနဲ့ တစ်ကြိမ်၊ (၃၀၀)ဘီလီယံနဲ့ တစ်ကြိမ် လေလံတင် ရောင်းချခဲ့ပြီး တတိယအကြိမ်မှာ (၂၉၇)ဘီလျံနဲ့ လေလံတင်ခဲ့ပေမယ့်လည်း ဝယ်ယူသူမရှိခဲ့ပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က ထပ်မံပြီး လေလံစျေးကို ၂၇၀ ဘီလီယံအထိ လျှော့ချပြီးရောင်းချဖို့ တင်ပြလာတာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်အမည်ပေါက်ဖြစ်တဲ့ ခြံအမှတ် (၅၄) ရဲ့ ဧရိယာအကျယ်အဝန်းဟာ (၁.၉၂၃) ဧက ကျယ်ဝန်းကြောင်းသိရပါတယ်။

သမိုင်းဝင်အိမ်တစ်ခုဖြစ်လာနိုင်တဲ့ ဒီနေရာကို အခုလို ရောင်းချမယ့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ပြည်သူအများစုက ကန့်ကွက်မှုတွေလည်း ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

လူထုခေါင်းဆောင်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံနေရချိန် အခုလို လုပ်ဆောင်မှုဟာ တရားမျှတမှုမရှိဘူးလို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ခြံအမှတ် (၅၄) နဲ့ ခြံအတွင်း နေအိမ်ဟာ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့စဥ်က ဩဇာကြီးမားတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ လာရောက်လည်ပတ်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ဖူးတဲ့ သမိုင်းအထောက်အထားဆိုင်ရာ နေရာတစ်ခုဖြစ်တာကြောင့် အမွေအနှစ်နေရာတစ်ခုအဖြစ် ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ် ၈လတာအတွင်း အကြမ်းဖက်စစ်တပ် အကြိမ် ၃၃၀၀ ကျော် လေကြောင်းတိုက်ခိုက်၊ ငလျင်အပြီး အပစ်ရပ်ထားသည့် ဧပြီလတွင် စံချိန်တင် အများဆုံး တိုက်ခိုက်ခဲ့

၂၀၂၅ ခုနှစ်ရဲ့ ၈ လတာ ကာလအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ အကြိမ်‌ရေ ၃,၃၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား…

ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) ဌာနချုပ်တည်ရှိရာ နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်မှာ ကျရောက်တဲ့ ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီပြည်၊ ဖားဆောင်း PDF တပ်တည်ထောင်မှု (၂)နှစ်ပြည့် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် မတော် ဖားဆောင်း တပ်ရင်းအမှတ် (၁၁၀၈ )တပ်တည်ထောင်မှု (၂) နှစ်ပြည့် အခမ်းအနားကို နို၀င်လာ ၃၀ မနေ့က ပြုလုပ်ခဲ့ပါတယ်။
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးရဲ့ အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပုံရိပ်များ (ဓာတ်ပုံသတင်း)

အညာဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး ( BLDF ) က အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပြုလုပ်နေတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

လှည်းကူး ခရိုင်ထွေအုပ်ရုံးကို Yangon Army (YA) အဖွဲ့က ပြင်းအားမြင့် မိုင်း၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

"ခရိုင်အဆင့်အုပ်ချုပ်စီမံလုပ်တဲ့နေရာပါ၊ ဒါပေမယ့်ရုံးမှာ စခတွေမရှိဘူး၊ ပျူတွေဘဲစောင့်ကြတော့တယ်၊ ထိကြဖို့များတယ်၊ မိုင်းကွဲအားပြင်းပါတယ်။" လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရွေးကောက်ပွဲဇာတ်လမ်းနှင့် သရုပ်ဆောင်များကို ဝေဖန်မှုဖြင့် ဒါရိုက်တာမိုက်တီး အပါအဝင် အနုပညာရှင် ၃ဦးကို စစ်ကော်မရှင် ဖမ်းဆီးထား

ရွေးကောက်ပွဲ ဝါဒဖြန့် ဇာတ်ကားနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကို ဝေဖန်တယ်ဆိုပြီး ဒါရိုက်တာ မိုက်တီး အပါအဝင် အနုပညာရှင် ၃ယောက်ကို ဖမ်းဆီးလိုက်ကြောင်း အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၂၉ရက် ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။