ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ လင်းယောခင်ကျေးရွာအနီးက စစ်ကောင်စီဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တဲ့ မှတ်တမ်းဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​ ရဲ့ ပြန်ကြားရေးဌာန PVTV က ဖော်ပြလာပါတယ်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း တည်ရှိတဲ့ အဆိုပါစစ်ကောင်စီဂိတ်စခန်း အနီးတစ်ဝိုက် PDF တပ်ဖွဲ့ဝင်တွေ စစ်ရေးလှုပ်ရှားနေတဲ့ မှတ်တမ်းဓာတ်ပုံကို PVTV က ဖော်ပြထားတာပါ။

ပဲခူးတိုင်းရှိ ကျောက်တံခါးနဲ့ ဖြူးမြို့နယ်အတွင်း ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ  စစ်ကောင်စီဂိတ်စခန်း (၇)ခုကို  PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက် သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ PVTV)
0 Shares:
You May Also Like
Read More

တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တဲ့ အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့

KLT.PDF – ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အောင်ပန်းဒေသက တော်လှန်ရေးရဲဘော်တွေ ပြန်လည်စုစည်းတည်ထောင်ထားတဲ့ တပ်ဖွဲ့ဖြစ်တဲ့ Urban Task Force Aung Ban – UTF (အောင်ပန်းမြို့ပြပြောက်ကျား) တပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

စစ်ကြောရေး ဒဏ်ရာများဖြင့် အကျဥ်းထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်၏ နောက်ဆုံးခရီး

အကြမ်းဖက်စစ်ကောင်စီ မတရား ဖမ်းဆီးအကျဥ်းချထားပြီး အကျဥ်းထောင်ထဲမှာပဲ မနေ့က ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ရဲ့ စျာပနကို ဒီနေ့မှာ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း-ရန်ကုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမ်းမြို့ (နပခ) တိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ကို CDF – Asho ဖမ်းဆီးရမိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

SOF စစ်ကြောင်းမှူး ဆရာကျောင်း ကျဆုံးခြင်း တစ်နှစ်ပြည့်နှင့် SOF ကျဆုံးရဲဘော်များကို အောက်မေ့သတိရ အလေးပြုခြင်းအခမ်းအနား ပြုလုပ်…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) ရဲ့ စစ်ကြောင်း (၁) စစ်ကြောင်းမှူး ရဲဘော်ဆရာကျောင်းကျဆုံးခြင်း တစ်နှစ်ပြည့်နဲ့ ကျဆုံးရဲဘော်တွေကို အောက်မေ့သတိရ အလေးပြုခြင်းအခမ်းအနား မနေ့က ပြုလုပ်ခဲ့တယ်လို့ SOF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ရွှေ့ပြောင်းများကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဖို့ အိန္ဒိယအစိုးရညွှန်ကြား

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးဖို့အတွက် အိန္ဒိယအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ကြောင်း အိန္ဒိယသတင်းတွေက မေလ ၁၉ ရက်မှာ ဖော်ပြထားကြပါတယ်။
Read More

လက်ပံတန်းမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က ညောင်ပင်ဇီးရွာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးသွားတာကြောင့် အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။