စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းမကြီးမှာ ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့ မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးယူကာ ကြေးနီတင်လာတဲ့ ယာဉ်တန်းကို ပဒေသာအတွဲလိုက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၁၂) တပ်ခွဲ (၃) (လျှပ်စီးတပ်ခွဲ) ထံက သိရပါတယ်။

ကြေးနီတင်ယာဉ်တွေ မုံရွာမြို့ကနေ ထွက်လာတဲ့ သတင်းအရ တော်လှန်ရေးပူးပေါင်းတပ်တွေက အသင့်စောင့်ကြိုကာ ပဒေသာအတွဲလိုက်မိုင်းတွေ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကြေးနီတင်ယာဉ် ၁ စီး တိမ်းမှောက်ပျက်စီးခဲ့သလို အခြား ၁ စီးလည်း ခေါင်းပိုင်း ကြေမွပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လမ်းပိုင်းလုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး လက်နက် ငယ်တွေနဲ့ အနီးပတ်ဝန်းကျင်ကို မိနစ် ၃၀ ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကြေးနီတင်ယာဉ်ပေါ်က စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရရှိပြီး ချောင်းဦးမြို့ ဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသခံယူကာ မန္တလေးမြို့ကို သယ်ဆောင်သွားကြောင်း လျှပ်စီးတပ်ခွဲထံက သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲနဲ့အတူ Nway Oo Brothers Column၊ Royal Tiger Force (ဆားလင်းကြီး)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုမြို့မရဲစခန်းကနေ လမ်းကင်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်မှု ၅ ဘောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်းရေစကြိုမြို့နယ် မြို့မရဲစခန်းကနေ လမ်းကင်းယူဖို့ ထွက်လာတဲ့ အင်အား ၁၅ ယောက် ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို ဒီဇင်ဘာ ၂၈ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ ၅ ယောက် အပြင်းအ ထန်ဒဏ်ရာရရှိသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်ထံက သိရပါတယ်။
Read More

”ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး. မဲမပေးနဲ့ သပိတ်မှောက်”

''ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး. မဲမပေးနဲ့ သပိတ်မှောက်" ‘ရွေးကောက်ပွဲအတု လုပ်လည်း တော်လှန်ရေးက ဆက်ချမယ်’ ''သင့်မဲဖြင့် တရားဝင်လူသတ်ခွင့် မပေးနဲ့''
Read More

တောင်ကြီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်စောင်းပေါ်မှ နေအိမ် ၁ လုံး ပြိုကျ (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်စောင်းပေါ်က နေအိမ် ၁ လုံးပြိုကျခဲ့တယ်လို့ သိရပါတယ်။
Read More

နတ်မောက်တွင် စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီး၊ စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီးတွေ၊ စနိုက်ဘာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဂဠုန်စစ်ကြောင်းမှ ရဲဘော်ရဲမေတွေ အခြေခံစစ်သင်တန်း၊ ဆေးသင်တန်း၊ ဒရုန်းသင်တန်းနဲ့ ဆက်သွယ်ရေး ပညာရပ်များကို သင်ကြားပို့ချနေတဲ့ လှုပ်ရှားမှု မှတ်တမ်းရုပ်သံ

ဂဠုန်စစ်ကြောင်းမှ ရဲဘော်ရဲမေတွေရဲ့ ၂၀၂၂ခုနှစ်မှ၂၀၂၄ ခုနှစ်အတွင်း လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်ဝစေဖို့ စစ်ရေး၊ နိုင်ငံရေး အသိပညာတိုးပွားကျယ်ပြန့်စေရန် ရည်ရွယ်ပြီး အခြေခံစစ်သင်တန်း၊ ဆေးသင်တန်း၊ ဒရုန်းသင်တန်းနဲ့ ဆက်သွယ်ရေး ပညာရပ်များကို သင်ကြားပို့ချနေတဲ့ လှုပ် ရှားမှု မှတ်တမ်းရုပ်သံကို မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ဒရုန်းပေါ်ကနေ မစ်ဆိုင်းဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

Golden Eagle-People Defense Force က ဒရုန်းပေါ်ကနေ မစ်ဆိုင်းဒုံးနဲ့ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myo Myint Kyaw ဖေ့စ်ဘွတ်ခ်အကောင့်ကတဆင့် ပြည်သူတွေထံ အသိပေး ဖော်ပြလာတယ်။