မုံရွာမြို့နယ်ရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အမှတ်(၁) စစ်ဒေသက အသိပေးထုတ်ပြန်လာပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာ အရှေ့ဘက်မှာရှိတဲ့ MRTV အသံလွှင့် တာဝါတိုင်ကုန်း (ဗောဓိတစ်ထောင်) စခန်းကို မနေ့က ဖေဖော်ဝါရီ ၂၆ ရက်နေ့ မှာ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရဲအင်အား ၁၇ ယောက်ခန့်နဲ့ တပ်စွဲထားတဲ့ ဒီစခန်းကိုတိုက်ခိုက်စဉ် စစ်ကောင်စီဘက်က ၁၁ ယောက် သေဆုံးပြီး G-3 (၅) လက်၊ Uzi (၃) လက်၊ M-79 (၂) လက်၊ G-3 ကျည် (၂၅၇၀) တောင့်၊ 9mm ကျည် (၂၁၂၈) တောင့်၊  ၄၀ မမ ဗုံးသီး (၁၀) လုံး၊ ရှေ့ထွက်မိုင်း (၂) လုံး၊ ကျည်အိမ် (၆) ခုနဲ့ TV (၁) လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က Paramotor (၂) စီး၊ တံတားဦး လေတပ်က Mi-35 (၁) စီးနဲ့ လေကြောင်းပစ်ကူပေးခဲ့ပြီး အမတ-၅၀၈ ကနေ ၁၀၅ မမ၊ ၁၂၀ မမ တို့နဲ့ (၁၄) ကြိမ်ခန့် ပစ်ကူပေးခဲ့ပေမယ့် စခန်းကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲမှာ မုံရွာခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇)၊ ချောင်းဦးမြို့နယ်အခြေပြု စုဖွဲ့မှုစစ်ကြောင်း၊ စစ်ကိုင်းခရိုင် တပ်ရင်း-၂ ဒရုန်းတပ်ဖွဲ့ (GTR)၊ မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (Danger Force LPDF)၊ မုံရွာခရိုင် ပကဖ ဒရုန်းအဖွဲ့၊ မုံရွာမြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ဒရုန်းအဖွဲ့နဲ့ BLDF ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

လားရှိုးမြို့မှာ တရုတ်ရဲ့ ညှိနှိုင်းမှုနှင့် ပြန်လည်ဝင်ရောက်လာသည့် စစ်ကောင်စီက မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်တပ်မတော် MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်ခဲ့တဲ့ လားရှိုးမြို့မှာ တရုတ်ရဲ့ ညှိနှိုင်းမှုနဲ့ ပြန်လည်ဝင်ရောက်လာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုအန္တရာယ်ကြားမှ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ပြီးမြောက်အောင်မြင်ကြောင်း KNU ဗဟို ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ပညာရေး နှင့် ကျန်းမာရေးဌာနက ပြုလုပ်ခဲ့တဲ့ (၁၂)တန်း ကော်သူးလေအစိုးရစစ် စာမေးပွဲ ပြီးမြောက် အောင်မြင်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။
Read More

သတ်မှတ်ရန်ပုံငွေထက် ၂ဆကျော်ရရှိခဲ့လို့ မင်းတပ်မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်မယ်လို့ ချင်းတော်လှန်ရေးတပ် ကြွေးကြော်

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ သတ်မှတ်ထားတဲ့ ရန်ပုံငွေ ထက် ၂ဆကျော် ရရှိခဲ့တာကြောင့် မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာဆင်နွှဲသွားမယ်လို့ ချင်းကာကွယ်ရေးတပ် (မင်းတပ်) က ဒီနေ့ ဒီဇင်ဘာလ ၂ ရကမှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့ပြန်လည်ရရှိရေး အင်အား ၆၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် PNO ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်ရာ စစ်သား ၁၈ ဦးထက်မနည်း သေဆုံး၊ စစ်ကောင်စီတပ်မှ အလင်းဝင်လာသူ ၁၆ ဦးရှိပြီး NUG ပညာရေးစနစ်သစ်ကို ဖြေဆိုအောင်မြင်ထားသူအချို့ ပါဝင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ ပြန်လည်ရရှိရေး အင်အား ၆၀၀ ကျော်ခန့်နဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်နေရာ စစ်သား ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်ကယား ( ကရင်နီ )စစ်တိုင်းဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်၊ မြေးအဖွား သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်သား ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်သား ၁ ယောက်ဟာ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။