ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေကနေ  ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ  နိုင်ငံပေါင်း (၂၈) နိုင်ငံက လူပေါင်း ၇၁၀၀ ကျော်ကို ထိန်းသိမ်းထားတယ်လို့ ကရင်နယ်ခြားစောင့်တပ် BGF ဒုတိယ ဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။ 

မြ၀တီနယ်စပ်က ကျားဖြန့်ဂိုဏ်းတွေကနေ တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အစရှိတဲ့ နိုင်ငံတွေက လူပေါင်း ၇၁၀၀ ကျော်ကို ရှာဖွေထိန်းသိမ်းထားတယ်လို့ နိုင်မောင်ဇော်က မြ၀တီနယ်စပ်မှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ်ပြောကြားလိုက်တာပါ။

အဆိုပါနိုင်ငံခြားသား ၇၁၀၀ ကျော်ကို KKpark၊ မြဝတီအားကစားရုံ၊ BGF ကွပ်ကဲရေးရုံး၊ ရွှေကုက္ကို ရထိုက်ကုမ္ပဏီရုံး နေရာတွေမှာ BGF အဖွဲ့က ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။ 

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ရောက်နေတဲ့ နိုင်ငံခြားသား စုစုပေါင်း ၂၇၃၈ ယောက်ကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့ကာ အဲဒီထဲက ၆၇၃ ယောက်ကို ထိုင်းနိုင်ငံက တစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်ပို့ဆောင်နေတယ်လို့လည်း သိရပါတယ်။

ကျားဖြန့်လုပ်ငန်းမှ ထိန်းသိမ်းထားသည့်သူများအား BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က လာရောက်ကြည့်ရှုစဉ်။ (ဓာတ်ပုံ-กิตติศักดิ์ บุญจันทร์)

ရှာဖွေထိန်းသိမ်းခံထားရသူ အများစုက  သက်ဆိုင်ရာနိုင်ငံ ပြန်လိုကြောင်း တောင်းဆိုကြတာကြောင့် BGF အနေနဲ့ စာရင်းပြုစုကာ မြန်မာ စစ်တပ်ထံ တင်ပြထားပြီး ထိုင်းအစိုးရအပါအဝင် နိုင်ငံအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကျားဖြန့်လုပ်ငန်းတွေဟာ  နိုင်ငံတကာက အလုပ်အကိုင်ရှာနေသူတွေကို လိမ်ညာဖိတ်ခေါ်ကာ အကျဉ်းချ၊ နှိပ်စက်၊ ကျွန်ပြုခိုင်းစေတဲ့ လုပ်ငန်းတွေနဲ့ နာမည်ကြီးတာ ဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေဟာ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုခုရဲ့ အကာအကွယ်ပေးမှု၊ လျှပ်စစ်မီးနဲ့ အင်တာနက်ရရှိဖို့ လိုအပ်တာကြောင့် တရုတ်အစိုးရက ဒီလိုအပ်ချက်တွေကို ဖြတ်တောက်ပိတ်ဆိုဖို့ ဒေသတွင်းနိုင်ငံတွေကို ဖိအားပေးပြောဆိုခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ ဖမ်းဆီးမှုတွေ အရှိန်မြှင့်လာခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားသားတွေကို ပြန်လည်ပို့ဆောင်ဖို့ စိစစ်လုပ်ဆောင်မှုအပိုင်းမှာ စစ်ကောင်စီက အဓိကလုပ်ဆောင်နေပေမယ့် ကြန့်ကြာမှုအချို့လည်း ဖြစ်ပေါ်လျက်ရှိနေပါတယ်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၀၀ ထပ်မံဖော်ထုတ်ထိန်းသိမ်းခဲ့ကြောင်း စကစ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ (ဓာတ်ပုံ စကစ ပြန်ကြားရေးဝန်ကြီးဌာန)
0 Shares:
You May Also Like
Read More

ဘန်ကောက်နှင့် ချင်းမိုင်ရှိ စားသောက်ဆိုင်များတွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့တွေက စားသောက်ဆိုင်တွေမှာ တရားမဝင် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းလူမှုကြီးကြပ်ရေးအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
Read More

အမေရိကန်တပ်များ ဗင်နီဇွဲလားသမ္မတ ကိုဝင်ရောက်ဖမ်းဆီး

အမေရိကန်တပ်ဖွဲ့ တွေဟာ ဗင်နီဇွဲလား သမ္မတဖြစ်သူ နစ်ကိုလက်စ် မာဒူရို ကို ဖမ်းဆီးလိုက်ပြီလို့ အ​မေရိကန်သမ္မတ ထရမ့်က သူရဲ့လူမှုကွန်ရက် Truth မှာရေးသားအသိပေး လိုက်ပါတယ်။ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲပြီး သမ္မတဖြစ်သူ နစ်ကိုလက်စ် မာဒူရို ကို လက်ရဖမ်းဆီးလိုက်တာလို့ သမ္မတ ထရမ့်က ဆိုပါတယ်။
Read More

စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို အာဆီယံ တက်ကြွစွာ အားပေးကူညီနေဟု Justice For Myanmar ထုတ်ပြန်

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ စစ်အုပ်စုကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှု တွေကို တက်တက်ကြွကြွ အားပေးကူညီနေတယ်လို့ Justice For Myanmar က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။  
Read More

အီရန်နှင့် အစ္စရေး အပစ်ရပ်ရေး အပြည့်အဝ သဘောတူပြီး ၁၂ ရက်ကြာ စစ်ပွဲ အဆုံးသတ်ပြီဟု ထရမ့် ကြေညာ

အီရန်နှင့် အစ္စရေး အပစ်ရပ်ရေး အပြည့်အဝ သဘောတူပြီး ၁၂ ရက်ကြာ စစ်ပွဲ အဆုံးသတ်ပြီဟု ထရမ့် ကြေညာ...နဲ့ အီရန်အကြား ၁၂ ရက်ကြာမြင့်ခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုတွေအပြီး အပြီးတိုင် အပစ်ရပ်ဖို့ အပြည့်အဝ သဘောတူလိုက်ပြီဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ ရေးသားဖော်ပြထားပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းကို ခွင့်ပြုထားခဲ့သည့် BGF၊ စစ်ကော်မရှင်တပ်က ဖိအားများကြောင့် ရွှေကုက္ကိုလ်ကို ပြန်စီးနင်း၊ ကျားဖြန့် ၃၅၀ နီးပါး အဖမ်းခံရ

ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ရွှေကုက္ကိုလ်မြို့ကို ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၁၈ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ 
Read More

တရားမဝင် ငါးဖမ်းမှုကြောင့် ထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဆီ AA လွှဲပြောင်းပေး

ရခိုင်ပြည်နယ်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးဖမ်းမှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နယ်ခြားစောင့်တပ် (BGB) ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရခိုင်သတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။