စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ လုံခြုံရေးလိုက်ပါလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီတော်လှန်‌ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ဝမ်ပေါင်ကုမ္မဏီကနေ ထွက်လာတဲ့ ကြေးနီတင်ယာဉ် ၄၁ စီး၊ သံပြား ကာယာဉ် ၆ စီးနဲ့ ဂျမ်မာယာဉ် ၉ စီး စုစုပေါင်း ၅၆ စီးကို မုံရွာမြို့နယ် လူထိပ်ပန်အနီးအနားမှာ တော်လှန်ရေးတပ်ဖွဲ့တွေက အသင့်စောင့်ဆိုင်းပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အိမ်စီးယာဉ်နဲ့ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်သားတွေကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယာဉ်ရှိ စစ်သား ၂ ယောက်သေကာ ကြေးနီတင်ယာဉ်ရှိ စစ်သား ၁ ယောက်လည်း အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ဘာမထီတော်လှန်‌ရေးတပ်ဖွဲ့၊ Yinmarbin District No.9 Regiment၊ Monywa Undergrown Force နဲ့  PDF MYF တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KNU/KNLA တပ်မဟာ ၅ နယ်မြေအတွင်းရှိ ထော်မုပလဲ့မဲစစ်တပ်စခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy က ထုတ်ပြန်လိုက်ပါတယ်။

KNU/KNLA တပ်မဟာ ၅ နယ်မြေအတွင်းရှိ ထော်မုပလဲ့မဲစစ်တပ်စခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာမှာ မီးလောင်မှု ဖြစ်ပွား၊ အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာမှာ မတ်လ ၁၂ ရက် မနေ့ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ကျားမ တန်းတူရေး အလေးပေးသည့် ပြည်နယ်တပ်အဖြစ် တည်ဆောက်မည်ဟု KNDF အသိပေး (ရုပ်/သံ)

ခွဲခြားဖိနှိပ်မှုကင်းစင်သလို ဖိနှိပ်မှုမှန်သမျှကိုလည်း တိုက်ဖျက်ကာ Gender (ကျား၊မ) တန်းတူရေးကို အလေးပေးတဲ့ ပြည်နယ်တပ်အဖြစ် တည်ဆောက်သွားမယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က ကတိပေး ပြောကြားလိုက်ပါတယ်။
Read More

သီပေါမြို့ကို လက်လွှတ်လိုက်တဲ့ စစ်ကောင်စီတပ်သားတွေ ကုန်တင်ယာဉ်တွေနဲ့ ထွက်ပြေး (ရုပ်/သံ)

သီပေါမြို့က စစ်ကောင်စီတပ်စခန်းအားလုံးကို TNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်‌တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်စစ်သားတွေနဲ့ တပ်မိသားစုတွေဟာ ကုန်တင်ယာဉ်တွေစီးပြီး ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
Read More

ထားဝယ်တွင် တိုက်ပွဲဖြစ်ကာ စစ်ကားတစ်စီး ပျက်စီးပြီး စစ်သား ၂၀ ဦးထက်မနည်း သေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးကာ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ၁၂ နာရီကြာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

သေ့ဘောဘိုးစခန်းဆီ စစ်ကူလာသော အကြမ်းဖက်စစ်ကြောင်းအား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အများအပြား ဖမ်းဆီးရမိ (ရုပ်/သံ)

ဝေါ်လေဗျူဟာစခန်းကနေ သေ့ဘောဘိုးစခန်းဆီ စစ်ကူလာတဲ့ အင်အား (၇၀)ပါ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် PDF ဗျူဟာ ၃၂ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။