နိုင်ငံခြားအစိုးရတွေအနေနဲ့ မြန်မာပြည်မှာ ထိန်းသိမ်းခံထားရတဲ့ မိမိနိုင်ငံသားတွေကို အမြန်ဆုံးပြန်ခေါ်အောင် ထိတွေ့ဆက်ဆံဖို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးက နိုင်ငံခြားရေးဝန်ကြီးကို အမိန့်ပေးလိုက်ပါတယ်။

ဒေသတွင်း လည်ပတ်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေကို ထိုင်း၊ တရုတ်တို့ရဲ့ ဖိအားနဲ့ ဖြိုခွင်းမှုအပြီး ဖေဖော်ဝါရီလ ၂၅ ရက်မှာ ဒုဝန်ကြီးချုပ် Phumtham Wechayachai က အခုလို ပြောခဲ့တာပါ။

နိုင်ငံတကာက ဖမ်းဆီးခံထားရတဲ့ မိမိနိုင်ငံသားတွေ ပြန်လည်လက်ခံရေး အစီအစဉ်အတွက် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ကြာသပတေးနေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ အစိုးရတွေဆီ ဆက်သွယ်ရမယ်လို့ သူက ဆိုပါတယ်။

KK Park နဲ့ မြဝတီ ရွှေကုက္ကိုလ်တို့က ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက်စီးနင်းပြီးနောက်မှာ ကရင်နယ်ခြားစောင့်တပ် (BGF) က နိုင်ငံခြားသား ၆၅၀၀ ကို ဖမ်းဆီးထားကြောင်းနဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ် (DKBA)  ကလည်း သူ့နယ်မြေထဲမှာ ဖြိုခွင်းပြီးနောက် နောက်ထပ်နိုင်ငံခြားသား ၄၀၁ ယောက်ကို ထိန်းသိမ်းထားကြောင်း သတင်းတွေအပြီးမှာ ထိုင်းအစိုးရက အခုလို ပြောဆိုလာတာပါ။

ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် Phumtham Wechayachai (ဓာတ်ပုံ TheNationThailand)

ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်က လုံခြုံရေးသတင်းရင်းမြစ်တစ်ခုရဲ့အဆိုအရ BGF နဲ့ DKBA နှစ်ဖက်စလုံးဟာ အကျဉ်းသားတွေကို ပြုစုစောင့်ရှောက်ဖို့ အရင်းအမြစ်နဲ့ အထောက်အပံ့တွေ ချို့တဲ့တာကြောင့် သူတို့နိုင်ငံသားတွေ အမြန်ပြန်ခေါ်ကြဖို့ နိုင်ငံခြားအစိုးရတွေကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။

“ဒီကိစ္စကို မြန်မြန်ဖြေရှင်းစေချင်တယ်။ ဘာမှမလုပ်ရင် BGF နဲ့ DKBA က အကျဉ်းသားတွေကို ကိုင်တွယ်ဖို့ အခက်အခဲဖြစ်နိုင်ပြီး အားလုံး တပြိုင်တည်း ပြန်လွှတ်ပေးလိုက်နိုင်တယ်။ အဲဒီလိုဖြစ်ရင် ပျားအုံကြီးလို ပြုံပြီး ထွက်ပြေးလာကြလိမ့်မယ်” လို့ Mr. Phumtham က သတိပေးပါတယ်။

ဒေသတွင်း သဘာဝမြေပြင်အနေအထားကလည်း အကျဉ်းသားတွေအနေနဲ့ ထိုင်းနိုင်ငံထဲကို ခိုးဝင်လာနိုင်တဲ့ လမ်းကြောင်းအခြေအနေရှိနေတာကြောင့် လုံခြုံရေးကို သိသိသာသာစိန်ခေါ်မှုဖြစ်စေတယ်လို့ သူကဆိုပါသေးတယ်။

ထိုင်းအနေနဲ့ လိမ်လည်ခံရသူတွေနဲ့ တကယ့်ရာဇ၀တ်ကောင်တွေကြား ခွဲခြားဖို့ နိုင်ငံခြားအစိုးရတွေနဲ့ ပူးပေါင်းရမှာဖြစ်ကြောင်း၊ ကျားဖြန့်ကနေ ပြန်လွတ်လာတဲ့ နိုင်ငံခြားသားတွေကို မိခင်နိုင်ငံတွေက ပြန်လက်ခံဖို့ အာမ မခံရင် ထိုင်းနိုင်ငံထဲကို ဝင်ခွင့်ပြုမှာမဟုတ်ကြောင်း သူက ပြောပါတယ်။

တရုတ်ဘက်ကလည်း ကျားဖြန့်ကနေ ပြန်လွတ်လာတဲ့ သူ့နိုင်ငံသား ၆၀၀ ကျော်ကို တရုတ်နိုင်ငံဆီ ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီး ကျန်ရှိနေတဲ့ တရုတ်နိုင်ငံသား အကျဉ်းသားတွေ နေရပ်ပြန်ရေး ညှိနှိုင်းဖို့ ထိုင်း၊ တရုတ်နဲ့ စစ်ကောင်စီတို့အကြား မကြာမီမှာ သုံးပွင့်ဆိုင်တွေ့ဆုံသွားမယ်လို့ သူ့ရဲ့အဆိုအရ သိရပါတယ်။

ကိုးကား – Phumtham warns nearly 7,000 foreigners could flee Myanmar into Thailand

0 Shares:
You May Also Like
Read More

စစ်အုပ်စုလုပ်မည့် ရွေးကောက်ပွဲ လွတ်လပ်မျှတပြီး အားလုံးပါဝင်ရမည်ဟု အိန္ဒိယပြော

"အိန္ဒိယအနေနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံတယ်၊ ရွေးကောက်ပွဲအပေါ် အများလက်ခံယုံကြည်မှုနဲ့ တည်ငြိမ်မှုအတွက် နိုင်ငံရေးအရ သက်ဆိုင်ရာအစုအဖွဲ့အားလုံး ပါဝင်ဖို့ အရေးကြီးတယ်လို့ မြင်တယ်။ ဒီရွေးကောက်ပွဲက လွတ်လပ်၊ တရားမျှတပြီး အားလုံးပါဝင်ဖို့ လိုအပ်တယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းဖို့၊ ဆွေးနွေးပွဲတွေလုပ်နိုင်ဖို့နဲ့ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ကို ရှေ့ရှုတဲ့ ကြိုးပမ်းမှုအားလုံးကို အိန္ဒိယက ဆက်လက်ပံ့ပိုးပေးသွားမယ်" လို့ သူက ပြောဆိုခဲ့ပါတယ်။
Read More

ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့အတူ မျောသွားတဲ့ ရေလုပ်သား ၄ ယောက်ကို အိန္ဒိယ ကမ်းစောင့်တပ် ကယ်တင်ခဲ့…

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့အတူမျောပါသွားတဲ့ ရေလုပ်သား ၄ ယောက် အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းစောင့်တပ်က ဒီဇင်ဘာလ ၆ ရက် မနေ့က ကယ်ဆယ်ကူညီထားတယ်လို့ The Hindu သတင်းက ဒီဇင်ဘာလ ၇ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာငလျင်ဘေးအတွက် ဝမ်းနည်းကြောင်း အရှေ့တီမောနိုင်ငံသမ္မတက NUG ယာယီသမ္မတ ဒူဝါလရှီးလထံ သဝဏ်လွှာပေးပို့ 

ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် စိတ်ထိခိုက် ဝမ်းနည်းရပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်လို့ အရှေ့တီမောနိုင်ငံသမ္မတ José Ramos-Horta က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလဆီ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

မြန်မာမှာ အပစ်ရပ် သက်တမ်းတိုးဖို့ မလေးရှားတိုက်တွန်း

လူသားချင်းစာနာမှုလုပ်ငန်းတွေကို အထူးသဖြင့် ငလျင်ဒဏ်သင့်နေရာတွေမှာ လုံခြုံဘေးကင်းပြီး အဟန့်အတားမရှိ လုပ်ကိုင်နိုင်ဖို့အတွက် ဗုဒ္ဓဟူးနေ့က သက်တမ်းကုန်သွားခဲ့တဲ့ မြန်မာပြည်ရဲ့ လက်ရှိ အပစ်အခတ်ရပ်စဲရေးကို ထပ်မံ တိုးချဲ့ဖို့နဲ့ သက်တမ်းတိုးဖို့ မလေးရှားက တောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာ့အရေးအတွက် အင်ဒိုနီးရှားမှာ ဆွေးနွေးမယ်

အဖြေပေါ်ဖို့ခက်နေတဲ့ မြန်မာ့အရေးအတွက် မြန်မာအတိုက်အခံ အင်အားစုတွေ၊ နိုင်ငံတကာသံတမန်တွေ အင်ဒိုနီးရှားမှာဆွေးနွေးမှုတွေလုပ်ဆောင်သွားမယ်လို့ နိုင်ငံတကာ သတင်းတချို့မှာ ဖော်ပြရေးသားလာပါတယ်။
Read More

မြန်မာအပါအဝင် အာရှဘက်က ရွှေ့ပြောင်းလုပ်သားတွေ လိုချင်ကြောင်း ရုရှား ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။