စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း လယ်ယာလုပ်ကိုင်နေတဲ့ ပြည်သူတွေကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Dragon Urban Guerrilla အဖွဲ့ထံက သိရပါတယ်။

ခွန်တောင်ကြီးပျူစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေဟာ ညောင်ကန်ရွာဘက် ရောက်ရှိစဉ် လယ်လုပ်နေတဲ့ ပြည်သူတွေကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ယောက်သေပြီး ၈ ယောက် ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Dragon Urban Guerrilla (DUGF)၊ Fire Dragon တပ်ဖွဲ့ ၊ ရွှေဘိုမြို့နယ် တိုက်နယ်(၁)ပ.က.ဖ နဲ့ နယ်မြေခံ ပ.က.ဖ အဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ယမန်နေ့က ပစ်ချခံခဲ့ရသည့် ရဟတ်ယာဉ်ရှိရာနေရာကို KIA နှင့် ပူးပေါင်းတပ်များ နယ်မြေရှင်းလင်းစဥ် စစ်သားအလောင်း ၁၆ လောင်းတွေ့ရှိ (ရုပ်/သံ)

ယမန်နေ့က ပစ်ချခံခဲ့ရသည့် ရဟတ်ယာဉ်ရှိရာနေရာကို KIA နဲ့ ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းခဲ့ရာ စစ်သားအလောင်း ၁၆ လောင်းနဲ့ မီးလောင်ပျက်စီးနေတဲ့ သေနတ်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းရှေ့တန်းသတင်းရင်းမြစ်ထံက သိရှိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ယာဉ်တန်းကို မုံရွာ-မန္တလေးလမ်းပိုင်းမှာ စောင့်ကြိုတိုက်ခိုက်၊ သံပြားကာယာဉ် ၁ စီး ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ သံပြားကာယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ သံပြားကာယာဉ် ၁ စီး ပျက်စီးခဲ့တယ်လို့ Black Eagle Defence Force - MMU က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမှာ ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး (ရုပ်/သံ)

အာဏာရှင်ပြုတ်ကျရေးအတွက် ရဲဘော်တွေကို ကယ်တင်ပေးနေတဲ့ ဆေးမှူး (ရုပ်/သံ)
Read More

ကွတ်ခိုင်မြို့ကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ၂လသား ကလေးငယ်နဲ့ မိခင်အပါ ၃ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ကို နိုဝင်ဘာ ၁၇ ရက် မနေ့က ညနက်ပိုင်းအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၂လသား အရွယ်ကလေးနဲ့ မိခင်အပါအဝင် အရပ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထန်တလန် ဘုရားကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သားများကို တိုက်ခိုက်ပြီး နယ်မြေရှင်းလင်း (ရုပ်/သံ)

ချင်းပြည်နယ်၊ ထန်တလန်မြို့ ဘုရားကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို နိုဝင်ဘာ ၂၁ ရက်က ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ရဲဘော်တွေက တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-ပြည်အမြန်လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးနဲ့ ပြည်သူ့စစ်ခေါင်းဆောင်သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း မင်းလှမြို့နယ် ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃) မှ သတင်းထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ရန်ကုန်-ပြည်အမြန်လမ်းပေါ်ရှိ အုတ်တွင်းကျေးရွာ၊ စစ်ကွင်းတာဆုံနဲံ တာဆုံအနီး ဘုရားမှာ အင်အား ၅၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူး ပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။