အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ TRI ဗျူဟာ – အမှတ် (၁၂၂) တပ်ရင်းက တိုက်ပွဲဝင်မယ့် တပ်သားသစ်ရဲဘော်တွေကို ဖိတ်ခေါ် ထားပါတယ်။

အခြေခံကျန်းမာရေး ကောင်းမွန်ပြီး ပြည်သူလူထုနဲ့ တော်လှန်ရေးအပေါ် မှန်ကန်စွာ သစ္စာစောင့်သိကာ စစ်သည်တော်ကျင့်ဝတ်ကို လေးစားလိုက်နိုင်သူ၊ 

ရာဇဝတ်မှုကင်းရှင်းတဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း TRI ဗျူဟာမှာ တပ်သားသစ်အဖြစ် လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် LGBTQ လိင်စိတ်ခံယူမှု ကွဲပြားသူဖြစ်စေ၊ မည်သည့်ဘာသာဝင်ဖြစ်စေ၊ အခြေခံအချက်အလက်တွေနဲ့ ကိုက်ညီရင် တပ်သားသစ် လျှောက်ထားနိုင်တယ်လို့လည်း ဆိုပါတယ်။

TRI ဗျူဟာအနေနဲ့ လွတ်လပ်တရားမျှတတဲ့၊ အမှန်တရားကို ချစ်မြတ်နိုးပြီး လူသားချင်းစာနာမှုကို အလေးထားတဲ့၊ စစ်စည်းကမ်းသေဝပ်မှုနဲ့အတူ ပြည်သူ့ဆန္ဒနဲ့ အကျိုးကို ကာကွယ်နိုင်တဲ့ တပ်မတော်တစ်ခုအဖြစ် တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ဖြတ် အဆုံးသတ်ချေမှုန်းကာ အဂတိလုံးဝကင်းစင်ပြီး ငြိမ်းချမ်းတဲ့ ဖက်ဒရယ်နိုင်ငံတော်သစ်တည်ဆောက်နိုင်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ TRI ဗျူဟာက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

အာဏာသိမ်းမှုနှင့် ငလျင်ဒဏ် ပြိုင်တူ ခံစားနေရသည့် မြန်မာတွင် လူပေါင်း ၆ သန်းကျော် အရေးပေါ် အကူအညီ လိုအပ်နေ

အာဏာသိမ်း စစ်ကောင်စီလက်အောက် ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ငလျင်ဒဏ် အကြီးအကျယ် ခံစားရပြီးတဲ့နောက် အရေးပေါ် အကူအညီတွေ လိုအပ်နေသူ အရေအတွက်ဟာ ၆ သန်းကျော်အထိ ရှိလာပြီလို့ UNICEF က ပြောပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ အကြမ်းဖက်စစ်တပ် ထွက်ပြေးစဥ် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ပြည်သူများ CDF-Mindat ထံ ၃ ကြိမ်မြောက် အပ်နှံ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ အကြမ်းဖက်စစ်သားတွေ ဆုတ်ခွာထွက်ပြေးသွားစဉ် ဝှက်ထားခဲ့တဲ့ လက်နက် ၃ လက်နဲ့ ခဲယမ်းတွေကို ဒေသခံပြည်သူတွေက လာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီတပ်၏ ဒရုန်းတက်လာသည့် နေရာများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဒရုန်းတက်လာတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း - မီးနဂါးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ကုတ်မှာ AA ဦးဆောင်သည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မိုင်းအန္တရာယ်ကင်းစင်ရေး လုပ်ငန်းများ လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ မိုင်းအန္တရာယ် ကင်းစင်ရေးလုပ်ငန်းတွေကို ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းဌာန Arakan Princess Media က သတင်းဖော်ပြထားပါတယ်။
Read More

ဒေါနတောင်ပေါ် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ် အစာရေစာ ပြတ်လပ်ပြီး အလံဖြူထောင် လက်နက်ချမှုများ ရှိလာ

ကရင်ပြည်နယ် အာရှလမ်းပိုင်းဖြစ်တဲ့ ဒေါနတောင်ပေါ်ကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေ အစာရေစာ ငတ်ပြတ်မှုတွေ ရှိနေပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလံဖြူထောင် လက်နက်ချ အညံ့ခံတာတွေ ရှိလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ရှမ်းနီးတပ်ရဲ့ ပေါ်တာဆွဲခြင်း ခံရပြီး ခမရ ၅၅၇ ရောက် စစ်သား ၁ ယောက် လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့အနီး၊ အောက်ကင်းရွာအခြေစိုက် အကြမ်းဖက် စစ်ကော်မရှင်တပ် ခမရ ၅၅၇ တပ်ရင်းက စစ်သားတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။