မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်တိုက်ပွဲကနေ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးရမိထားတယ်လို့ ချင်းကာကွယ်ရေးတပ် (CDF-Asho) က သတင်းထုတ်ပြန်လာပါတယ်။ 

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ် တည်ရှိရာ တောင်ကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်မှာ စစ်ကောင်စီတပ်သားတွေဟာ အဆိုပါ တောင်ကုန်းရှိ ကာကင်းစခန်းကနေ စခန်းစွန့်ခွာ ထွက်ပြေးလာတာဖြစ်တယ်လို့ သိရပါတယ်။ 

အဲ့လိုထွက်ပြေးလာတဲ့ စစ်သားတွေကို CDF-Asho က လိုက်လံရှာဖွေပြီး နယ်မြေရှင်းလင်းရာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ (၃ရက်အတွင်း) နတ်ရေကန် ဆက်သွယ်ရေးတာဝါတိုင်ရဲ့‌ မြောက်ဘက် မီတာ (၂၀၀၀) ခန့်အကွာ တောတွင်းနေရာအသီးသီးမှာ စစ်ကောင်စီတပ်သား ၂၃ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့တကွ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေထံက  MA-1 (၁၃) လက်၊ MA-2 (၁) လက်၊ MA-3 (၃) လက်၊ MA-11 (၂) လက်၊ MA-5 (၁) လက် စသဖြင့် လက်နက်ငယ် (၂၀) လက်နဲ့ လက်ပစ်မိုင်း (၁၈) လုံး၊ EY အသီး (၁၂) လုံး၊ ကျည် (၄၀၀၀) ကျော်နဲ့အတူ စစ်အသုံးအဆောင် ပစ္စည်းတွေကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

နတ်ရေကန်အနီးတစ်ဝိုက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ချိတ်ဆက်ပြီး အမြန်ဆုံးအလင်းဝင်ကြဖို့လည်း CDF-Asho တိုက်တွန်းထားပါတယ်။ 

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လူ့အခွင့်အရေးကော်မရှင်ကို NUG က အသိအမှတ်မပြုဘဲ ဖျက်သိမ်းကြောင်း ကြေညာ

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသိအမှတ်မပြုဘဲ ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

စာသင်ကျောင်းများကို ဗုံးကြဲ၊ လူငယ်များကို သေတွင်း ပို့နေသည့် စစ်ခေါင်းဆောင်က နိုင်ငံဖွံ့ဖြိုးရေးအတွက် ပညာတတ်များ လိုအပ်ဟု ပြောပြန်

နိုင်ငံကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် ပညာတတ်တွေပေါများဖို့ လိုအပ်တယ်လို့ အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပြန်ပါပြီ။
Read More

ကျိုက်ထိုတွင် အသံတိတ်သပိတ် ကျင်းပနေချိန် အပြင်ထွက်ပျော်ပါးသည့် ဒုအရာခံဗိုလ် ဖမ်းဆီးခံခဲ့ရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းစခန်းကျေးရွာက ကဒက်ချောင်းမှာ သောက်စားပျော်ပါးဖို့လာတဲ့ ဒုအရာခံဗိုလ် ၁ယောက်ကို သွားရောက်ဖမ်းဆီးခဲ့ပြီး အရေးယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနထံ အပ်နှံထားကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဒိုက်ဦးထောင်မှာ အာဏာပြ တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဥ်းသူများ ၂ ပတ်ပြည့်သည်အထိ အမျိုးသမီးဆောင် ပြန်မရောက်သေး

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ အသစ်ပြောင်းရွှေ့လာတဲ့ ဦးစီးမှူးဆိုသူက နိုင်ကျဥ်းအမျိုးသမီးတွေကို အာဏာပြတိုက်ပိတ်ထားကြောင်းနဲ့ ကျန်းမာရေးလိုအပ်ချက်အတွက် ဆေးဝါးတွေသေချာမပေးကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့ တာဝန်ရှိသူ မဇူးဇူးမေယွန်းက မောင်းကို ပြောပါတယ်။
Read More

SSNDF/ KNDF ဗျူဟာအမှတ် (၉) ဖွဲ့စည်းခြင်းနဲ့ စစ်သင်တန်းဆင်းပွဲ ကျင်းပကြောင်း KNDF တရားဝင်ထုတ်ပြန်…

SSNDF/ KNDF ဗျူဟာအမှတ် (၉) ကို ယခင်ရှမ်းတောင်မှာ လှုပ်ရှားခဲ့တဲ့ တပ်ရင်းတွေနဲ့ ဒရုန်းအဖွဲ့ကို ပေါင်းစည်းပြီး SSNDF / KNDF B - 101, SSNDF / KNDF B - 102, SSNDF / KNDF B-103 တွေအဖြစ် ပြောင်းလဲဖွဲ့စည်းထားတယ်လို့ ကရင်နီအမျိုသားများကာကွယ်ရေးတပ်-KNDF က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်ခရိုင် ပကဖ ရဲဘော်တွေရဲ့ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်များ (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့် ဗုဒ္ဓအခါသမယနေ့မှာ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေရဲ့ ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်တွေကို ပကဖ အသံက သတင်းဖော်ပြထားပါတယ်။