ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၆ တပ်ရင်းစခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက် မနေ့က ရွှေပြည်သာမြို့နယ်အခြေစိုက် ခလရ ၆ အောက်မင်္ဂလာဒုံ စစ်တပ်ဝင်းကို ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ပကဖ ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ မြောက်ဥက္ကလာပမြို့နယ် ပကဖ က ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုက ပေါက်ကွဲအား ပြင်းထန်ကာ အောင်မြင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်သလို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကလေးမှာ စစ်ကောင်စီတပ်တွေကို ရက်ဆက် မိုင်းခွဲဖို့ ကြိုးစားပေမယ့် ဘတ္ထရီလိုအပ်ချက်ကြောင့် မိုင်းမကွဲမှုတွေ ရှိနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ကာ ဂိတ်ထောင်ဆက်ကြေးကောက်ပေးနေသူကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး စစ်ကောင်စီတပ်တွေကို ရက်ဆက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ကလေးခရိုင် မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

PDF Zoland အခြေခံစစ်သင်တန်း အပတ်စဥ် (၁၅) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ ချင်းပြည်နယ်ရှိ ဇိုမီးတော်လှန်ရေးတပ်ဖွဲဖြစ်တဲ့ PDF Zoland ရဲ့ အခြေခံ စစ်သင်တန်း အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁၁ ရက်မှာ  ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ လကျော်အတွင်း ပြည်သူ ၁၅၀ နီးပါး သေဆုံးဟု AAPP ထုတ်ပြန်

နိုင်ငံတဝန်း အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ လကျော်အတွင်း အရပ်သား ပြည်သူ ၁၅၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စု၏ ရွေးကောက်ပွဲအတုကို တနိုင်ငံလုံး ဆန့်ကျင်ကြရန်နှင့် နိုင်ငံတကာက ကန့်ကွက်ကြောင်း သဘောထားများ အခိုင်အမာ ပြသကြရန် ကရင် ၂၅ ဖွဲ့ တိုက်တွန်းတောင်းဆို

အာဏာသိမ်းစစ်တပ်က ကျင်းပပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးက ကရင်အဖွဲ့အစည်း ၂၅ ဖွဲ့က ပူးတွဲထုတ်ပြန်လိုက်ပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးမှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မယ်ဟန်ရွာက ရွှေမြင်းနှစ်ကောင် စက်ရုံကို ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။