ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း (Myingyan Black Tiger-MBT) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၆) သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Myingyan Black Tiger တပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲမှာ သင်တန်းဆင်းရဲဘော် အယောက် ၆၀ ကျော်က စစ်ရေးပြ​​​ခြင်း၊ PDF အလံတော်အောက်မှာ သစ္စာရေသောက်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

သင်တန်းဆင်းပွဲ အခမ်းအနားကို ရေစကြိုမြို့နယ်တစ်နေရာမှာ လေကြောင်းရန်နဲ့ စစ်ရေး အခြေအနေတွေ မတည်ငြိမ်တာကြောင့် အကျဥ်းချုပ်သာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခြေခံစစ်သင်တန်းဆင်းရဲဘော်တွေအနေနဲ့ လက်ရှိအချိန်မှာ Myingyan Black Tiger တပ်ဖွဲ့ရဲ့ စစ်ရေးတာဝန်တွေ ထမ်းဆောင်ဖို့ ရှေ့တန်း စစ်မြေပြင်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

တရားမဝင်တဲ့ ရွေးကောက်ပွဲကို တိုက်ဖျက်ရေးဆောင်ရွက်ဖို့နဲ့ မဟာဗျူဟာ ၅ ရပ်ကို ၂၀၂၅ ခုနှစ်အတွင်း ချမှတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က အစီရင်ခံစာအတွင်း မဟာဗျူဟာ ၅ ရပ်ကိုပါ တင်သွင်းခဲ့တာပါ။

ရွေးကောက်ပွဲကို တိုက်ဖျက်ဖို့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။ CRPH က တင်ပြတဲ့ မဟာဗျူဟာ ၅ရပ်ထဲမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြုဖို့ကိုသာ ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသားပြည်သူတွေရဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ တရားဥပဒေစိုးမိုးမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ပြည့်ဝတဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ကြိုးစားတည်ဆောက်သွားမှာ ဖြစ်တယ်လို့ CRPH ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

CRPH က စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်မပြုဖို့ နဲ့ သပိတ်မှောက်ဖို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက ကနဦး ထုတ်ပြန်ပြောဆိုထားပြီး ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ကတော့ တိုင်းပြည်ကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကာ ၆ လ ထပ်မံသက်တမ်းတိုးထားပြီး ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်ကျမှ ကျင်းပပြုလုပ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင်တောင် နယ်မြေတွေလက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာ နိုင်ငံရဲ့ မြို့ပေါင်း ၁၀၀ကျော်လောက်မှာသာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို လတ်တလောမှာ တရုတ်နဲ့ ရုရှားကသာ အားပေးထောက်ခံထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ မကွေးမြို့နယ်မှာ ပြည်သူတွေဆီက စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) ဆီက သိရပါတယ်။
Read More

တောင်ငူ (ကေတုမတီ) လေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများ ၁ရက်အတွင်း ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့

စစ်ကောင်စီရဲ့ တောင်ငူလေတပ် (ကေတုမတီလေတပ်) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တစ်ရက်အတွင်း ၂ ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။ 
Read More

ရေတာရှည်မြို့မရဲစခန်းကို 79 ထောက်ပြောင်း 40mm (ရှော့တိုက်ဒုံး) ၁၄ လုံး ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှု ပြင်းထန်နိုင်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့မရဲစခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ပစ်မှတ်ကိုကျရောက်တာကြောင့် ထိခိုက်မှုပြင်းထန်နိုင်ကြောင်း Black Leopard UG အဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခဲ့

ပြည်သူကာကွယ်ရေးတပ်မတော်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် - အမှတ် (၁၀၀၉)တပ်ရင်းက တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် လွမ်းဆွတ်တမ်းတခြင်းအောက်မေ့ဖွယ် အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးတိုင်းထဲက တံတားဦးနဲ့ ငါန်းဇွန်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်တွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း သိရပါတယ်။ အောက်တိုဘာ ၃ရက်၊ မနေ့ကမနက်ပိုင်းမှာ တံတားဦးမြို့နယ်၊ ညောင်ပင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကုလားဆိုသူကို လက်နက်ကိုင်အဖွဲ့ ၁ခုက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ပြီး…
Read More

ရန်ကုန်မှာ “စစ်အာဏာရှင်ကိုတော်လှန်နေတာ သင်တိုနဲ့မဆိုင်ဘူး ကျော်သွားကြပါ၊စစ်မှုထမ်းဖို သွားကြပါ” စာသားနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်…

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့က လူစည်ကားရာ စျေးတစ်ခုမှာ “စစ်အာဏာရှင်ကိုတော်လှန်နေတာ သင်တိုနဲ့မဆိုင်ဘူး ကျော်သွားကြပါ၊စစ်မှုထမ်းဖို သွားကြပါ” စာသားနဲ့ ပြည်သူလူထုကို လှုံ့ဆော်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။