ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် ကျန်နေခဲ့တဲ့ လက်နက်ခဲယမ်းတွေ လက်ဝယ်ရရှိထားရင် လာမယ့် မတ်လ ၁၅ ရက် နောက်ဆုံးထား ပြန်လည်အပ်နှံဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် (Chin Defence Force – Mindat) က မနေ့ကဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ကစဉ့်ကလျား ထွက်ပြေးကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ခဲယမ်းတွေ၊ အခြားတစ်နည်းနည်းနဲ့ ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ တိုက်ခိုက်ရေးမောင်းပြန် ရိုင်ဖယ်တွေကို ပြန်လည်အပ်နှံဖို့ CDF – Mindat က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် သတ်မှတ်ထားတဲ့ ဆုကြေး ဒါမှမဟုတ် ဝယ်ယူထားကြောင်း ခိုင်လုံမှုရှိရင် ဝယ်ယူထားတဲ့ တန်ဖိုးအတိုင်း CDF – Mindat ဆီမှာ ထုတ်ယူပြီး ပြန်လည်အပ်နှံဖို့ကိုလည်း ဖော်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့ သက်မှတ်ထားတဲ့ ရက်ကျော်လွန်ပြီး လက်နက်ခဲယမ်းကိုင်ဆောင်တာ၊ လက်ဝယ်ထားရှိတာနဲ့ ရောင်းဝယ်ဖောက်ကားတာတွေ ပြုလုပ်ရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း CDF-Mindat က ဆိုပါတယ်။

ပြည်သူတွေကို လက်နက်ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် ထိန်းချုပ်နယ်မြေအတွင်း လက်နက်ခဲယမ်းထိန်းချုပ်နိုင်ရေး အထူးအလေးထား ဆောင်ရွက်နေတယ်လို့လည်း CDF – Mindat က ဆိုပါတယ်။

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲတဲ့ ဒီဇင်ဘာ ၂၁ ရက်မှာ မင်းတပ်မြို့စောင့်တပ် စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ (၂၇၄) ကို အပြီးသတ်သိမ်းပိုက်ကာ မင်းတပ်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

ပုံစာ – မင်းတပ်မြို့သိမ်းအပြီး သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့

0 Shares:
You May Also Like
Read More

မုံရွာတွင် စတိတ်ရှိုး သွားကြည့်သည့် လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဆုတောင်းပြည့်ဘုရားပွဲအထိမ်းအမှတ် စစ်အုပ်စု ကျင်းပတဲ့ စတိတ်ရှိုးပွဲသွားကြည့်သူ လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရကြောင်း Monywa Road Information-MRI တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရာမညမွန်တပ်တော်-RMA နှင့် TNLA တို့ မဟာမိတ်အဖြစ် ပူးပေါင်းတော်လှန်မည်

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပူးပေါင်းဖွဲ့စည်းလိုက်တဲ့ “ရာမညမွန်တပ်တော်- RMA” နဲ့အတူ တော်လှန်ရေးပန်းတိုင် အောင်မြင်တဲ့အထိ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ TNLA က ပြောပါတယ်။
Read More

ခရစ္စမတ်နှင့် နှစ်သစ်ကူးတွင် လူစုလူဝေးမလုပ်ရန် အရေးကြီးကာလအဖြစ် ကရင်နီပြည်တပ်မတော် ကြေညာ

အကြမ်းဖက်စစ်တပ် အန္တရာယ်ပြုလာနိုင်တဲ့အတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ ကရင်နီပြည်အတွင်း လူစုလူဝေးမလုပ်ဖို့ ဒီနေ့ ဒီဇင်ဘာ ၁၉ရက် ကစပြီး အရေးကြီးကာလအဖြစ် သတ်မှတ်တယ်လို့ ကရင်နီပြည်တပ်မတော် (KA) က ထုတ်ပြန်ပါတယ်။
Read More

ဖလမ်းမြို့ အနောက်မြောက်ဘက်ရှိ စစ်အုပ်စုစခန်းကုန်းနှစ်ခုအား ချင်းကာကွယ်ရေးတပ်များ သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြားနှင့် စစ်သုံ့ပန်းများ ရရှိထား

ချင်းပြည်နယ်၊ ဖလမ်းမြို့အနောက်ဘက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်းကနေ စစ်အုပ်စုရဲ့ စခန်းကုန်းနှစ်ခုနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိထားပြီး စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိထားတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ် ( CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကို ပြောပါတယ်။
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားများကို ဆေးတပ်ဖွဲ့က လက်တွေ့သင်တန်းပို့ချခဲ့ (ဓာတ်ပုံသတင်း)

ရာမညမွန်‌တပ်တော် (NMSP(AD)/ RMA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားတွေကို ရာမညမွန်တပ်တော်နဲ့ Ye Guerrilla Force ဆေးတပ်ဖွဲ့က လက်တွေ့သွားရောက်ပြသသင်တန်းပေးခဲ့တယ်လို့ Ye Guerrilla Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမြို့နယ်တွင် ဆွံ့အပြည်သူ ၁ ဦးအပါ ၉ ဦးကို စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ကာ လည်လှီးသတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်ထဲမှာ ဆွံ့အပြည်သူ ၁ယောက် အပါအဝင် ၉ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ကာ လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။