ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ဝင်ရောက် ဖမ်းဆီးရာ ငွေသား ၇သိန်းနဲ့အတူ လောင်းကစား ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်လာပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လယ် ၂နာရီ ဝန်းကျင်အချိန်မှာ ပေါက်ခေါင်းမြို့နယ်အပိုင် ကြူဝတ်ကျေးရွာမှာ နေထိုင်သူ၊ စစ်တပ် အမာခံထောက်ခံသူဖြစ်တဲ့ (သားသတ်) ဝက်ကုမ္ပဏီက ဇေယျာဦးနဲ့ ဆီဆုံကုန်းကျေးရွာမှာ နေထိုင်တဲ့ ပျူစောထီးခေါင်းဆောင် ငထွန်းရဲ့ တူတော်စပ်သူ တူးကို တို့ ဦးဆောင်တဲ့ လောင်းစကားဝိုင်းကို ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

သိမ်းဆည်းရရှိသည့် ငွေနှင့် လောင်းကစားပစ္စည်းများ

ဝင်ရောက်ဖမ်းဆီးရာမှာ ငွေသား ၇သိန်းနဲ့ လောင်းကစား ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့ပြီး လောင်းကစားဒိုင်နဲ့ ပါဝင်နေသူတွေကိုတော့ နောက်နောင်မှာ အခုလို လောင်းကစားဝိုင်းမှာ ပါဝင်ခြင်းမပြုလုပ်ဖို့ ကောင်းမွန်စွာ ပြောဆိုပြီး ပြည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီက ပြည်သူတွေ တော်လှန်ရေးမှာ စိတ်ပါဝင်စားမှု၊ ထောက်ခံအားပေးမှု လျော့နည်းလာစေဖို့ ရည်ရွယ်ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းတွေကို ပြည်သူတွေအနေနဲ့ လုံးဝမပါဝင်ကြဖို့ တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သိမ်းဆည်းရရှိသည့် ငွေနှင့် လောင်းကစားပစ္စည်းများ
0 Shares:
You May Also Like
Read More

လက်ပံတန်းတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့ဖျက်ဆီးနေသလို ဒေသခံများကိုလည်း ဖမ်းဆီးထား

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ စီတုန်းရွာက နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ချင်းပြည်နယ်ကို ထိုးစစ်ဆင်လာတဲ့ တိုက်ပွဲများအတွင်း စစ်သား ၄၀ ခန့် သေဆုံး စစ်တပ်တပ်က ဖမ်းဆီးထားတဲ့ ပြည်သူ ၁၄ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ချင်းညီနောင်ထုတ်ပြန်

အကြမ်းစစ်တပ်က ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းကို ထိုးစစ်ဆင်လာတဲ့ တိုက်ပွဲများအတွင်း စစ်သား ၄၀ ခန့် သေဆုံးခဲ့ပြီး၊ စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၁၄ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ချင်းညီနောင်ကနေ သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကစတင်ကာ တီးတိန်မြို့အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မှရှင်တပ်တွေနဲ့ တော်လှန်ရေးတပ်တို့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ တီးတိန်-ကလေးလမ်း ဒိမ်လို လမ်းခွဲအနီးမှာ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရောက်ရာအရပ်မှာ အပစ်ရပ်မယ်၊ စစ်ကောင်စီလည်း ဝေဟင်မြေပြင် ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းဖို့ MNDAA ထုတ်ပြန်၊ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကိုတော့ စွဲကိုင်ထားတယ်လို့ MNDAA ဆို

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) အနေနဲ့ ရောက်ရာအရပ်မှာ အပစ်ရပ်မှာဖြစ်ပေမယ့် စစ်ကောင်စီကလည်း မြန်မာနိုင်ငံနေရာအနှံ့က ဝေဟင်နဲ့ မြေပြင်ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းပေးရမယ်လို့ ပြည်တွင်းစစ်ရေးပဋိပက္ခ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း ဒီဇင်ဘာ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ MNDAA က ဖော်ပြထားပါတယ်။
Read More

အထက်မင်းလှ ပကဖရဲ့ အခြေခံစစ်ပညာ အပတ်စဥ် ၅ သင်တန်းမှာ စစ်မှုထမ်းရှောင်လူငယ်တွေ ပိုမိုပါဝင်လာ

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အခြေစိုက် အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဥ် ၅ စစ်သင်တန်းမှာ မင်းလှမြို့နယ်အပါအဝင် ထိစပ်နေတဲ့မြို့နယ်တွေက လူငယ်တွေ ပိုမိုပါဝင်လာတယ်လို့ အဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင်က မောင်းကိုပြောပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဥ် (၃/၂၀၂၅) သင်တန်းဆင်းပွဲ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မြို့ အနောက်ဘက်ကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ မိသားစုဝင် ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့အနောက်ဘက် ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား မိသားစုဝင် ၂ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။