စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားတယ်လို့ ယူဆရတဲ့ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို ပြောဆိုလိုက်ပါတယ်။

အာဆီယံအပါအဝင် နိုင်ငံတကာက တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကိုသာ ကနဦး လုပ်ဆောင်ပြီးမှ ရွေးကောက်ပွဲကို လုပ်ဆောင်ဖို့ စစ်ကောင်စီကို တိုက်တွန်းပြောကြားထားပေမယ့် အာဏာသိမ်းစစ်တပ်ကတော့ ရွေးကောက်ပွဲကို ပြုလုပ်ဖို့ ပြင်ဆင်လာခြင်းဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်းနယ်မြေတွေ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာ တည်ငြိမ်တယ်လို့ ယူဆရတဲ့ မြို့ပေါင်း ၁၀၀ ကျော်လောက်မှာ ပြုလုပ်နိုင်မှာဖြစ်တာကြောင့် လွှတ်တော်ခေါ်ယူဖို့လျာထားချက် ပြည့်မီနိုင်ခြင်း ရှိမရှိကို စောင့်ကြည့်ရမှာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။

နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲက သုံးပုံ တစ်ပုံကျော်ဖြစ်တဲ့ မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပနိုင်ခြေရှိနိုင်ပြီး နိုင်ငံတကာက အသိအမှတ်မပြုတဲ့ ရွေးကောက်ပွဲကို စစ်ကောင်စီက အတင်းအကြပ်လုပ်ဆောင်လာမယ့် သဘောလည်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲကို အခုနှစ် ၂၀၂၅ မှာ တည်ငြိမ်အေးချမ်းမှုမရှိသေးပါက ၂၀၂၆ မှာ ပြောင်းလဲကျင်းပနိုင်အောင် ကြိုးစားမယ်လို့ သူ့ရဲ့ မိန့်ခွန်းတွေမှာ မကြာခဏပြောကြားလေ့ရှိပါတယ်။

နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ ရွေးကောက်ပွဲ ကျင်းပပြီးရင်တော့ ကျန်တဲ့ မြို့နယ် တွေမှာတော့ အပိုင်းလိုက် ကြားဖြတ်ရွေးကောက်ပွဲပုံစံနဲ့ ဆက်လက်ကျင်းပနိုင်ခြေရှိတယ်လို့ နိုင်ငံရေးပါတီအချို့ကလည်း ခန့်မှန်းထားကြပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ခွင့်ပြုပြီးတဲ့ တည်ဆဲနိုင်ငံရေးပါတီ ၅၄ ပါတီ ရှိနေပြီဖြစ်ပါတယ်။  အဆိုပါတီ တွေထဲက ၉ ပါတီလောက်ကသာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်နိုင်မယ့် အနေအထားသာရှိနေတာပါ။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေကတော့ အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တရားဝင်မှုမရှိလို့ နိုင်ငံတကာက ထောက်ခံအားပေးမှုတွေ မပြုလုပ်ဖို့ ကြေညာချက်တွေ အသီးသီးထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

AA ပိတ်ဆို့ထားတဲ့ နခခ (၅) အနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေ

ရခိုင်ပြည်နယ် မောင်တောမြို့က စစ်ကောင်စီရဲ့ နခခ (၅) ဌာနချုပ်အနီးတဝိုက်ကိုစစ်ကောင်စီကအောက်တိုဘာ၂၈ ရက် ဒီနေ့မနက်အစောပိုင်းမှာလေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ညောင်ကျိုးတိုက်ပွဲ စစ်ကောင်စီတပ် တင်းခံနေပြီး AA ထိုးစစ် ပြင်းထန်နေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ရန်ကုန်ပြောက်ကျားအဖွဲ့ YUPA ရဲဘော် ၂ ဦး အကြမ်းဖက်စစ်တပ်ထံ ဖမ်းဆီးခံထားရ

ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG People Army (YUPA) တပ်ဖွဲ့ဝင် ရဲဘော် ၂ယောက် အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

KIA နှင့် TNLA ရှေ့ပြေးညှိနှိုင်းရေးများ စတင်နေပြီဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် အသိပေး

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA နဲ့ တအာင်းတပ်မတော် PSLF/TNLA တို့ နှစ်ဖွဲ့ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးတွေ စတင်နေပြီလို့ KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေးပြောကြားပါတယ်။
Read More

ရွှေကျင်မှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး ဘုန်းကြီးကျောင်းတချို့လည်း ပျက်စီးကုန်တယ်လို့ ပဲခူးခရိုင် ပကဖ တာဝန်ခံက ပြောပါတယ်။ 
Read More

ပုပ္ပါးတောင် ဆက်သွယ်ရေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်က တောင်တက်ခွင့် ပိတ်ပင်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်က စစ်ကောင်စီတပ်ရဲ့ ဆက်သွယ်ရေးစခန်း တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ ပုပ္ပါးတောင်ခြေကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီး ပုပ္ပါးတောင်တက်ခွင့်ကို ပိတ်လိုက်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။