အာဂျင်တီးနား ဖက်ဒရယ် ရာဇဝတ်တရားရုံးက ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့  အာဏာသိမ်းစစ်ခေါင်းဆောင် အပါအ၀င်  ၂၅ဦးကို  ဖမ်းဆီးမိန့်ထုတ်ပြန်နိုင်ရေး အမြန်ဆုံးလုပ်ဆောင်ဖို့  Defend Myanmar Democracyအဖွဲ့က ဒီနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင် ၂၃ဦးနဲ့ အရပ်ဘက်အစိုးရခေါင်းဆောင် ၂ဦးတို့အပေါ် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုမှာ ပါဝင်နိုင်ခဲ့သူတွေကို အရေးယူနိုင်ဖို့ အခုလို ပြင်ဆင်လာမှု အပေါ်မှာ ကြိုဆိုတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီဖမ်းဝရမ်းထုတ်မှုဟာ သံသယရှိသူတွေကို တရားရုံးရှေ့မှောက် ခေါ်ယူဖို့ ရည်ရွယ်တာဖြစ်ပြီးတရားစီရင်ရေးလုပ်ငန်းစဉ် စုံစမ်းစစ်ဆေးမှုအဆင့်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တရားမျှတမှုက ဘက်လိုက်ခြင်းကင်းပြီး မည်သည့်အခါမှ အတိုးအလျှော့လုပ်ဆောင်ရမှာမဟုတ်လို့ ယုံကြည်ကြောင်း Defend Myanmar Democracy အဖွဲ့က ထုတ်ပြန်ပါတယ်။

Defend Myanmar Democracy ၏ ထုတ်ပြန်ချက်

Defend Myanmar Democracy အဖွဲ့ကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အတူ အဲ့ဒီ့အချိန်က အစိုးရအဖွဲ့ဝင်တွေဖြစ်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ ပါဝင်လာမှုကိုတော့ တစ်စုံတစ်ရာထည့်သွင်း ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

ဒီအမှုကို ရိုဟင်ဂျာတွေထိ ခိုက်နစ်နာသူတွေအတွက် တရားမျှတမှုရရှိအောင် ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့လည်း ယုံကြည်နေတယ်လို့လည်း ဆိုပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက  စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ၂၃ ဦးကို ဖမ်းဝရမ်းထုတ်ထားပြီဖြစ်ပါတယ်။

အဲဒီဖမ်းဝရမ်းထဲမှာ အဲဒီ ၂၀၁၇ ခုနှစ်က သမ္မတအဖြစ် တာ၀န်ယူခဲ့တဲ့ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ လည်း ပါ၀င်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်က  ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှုတွေအပါအဝင် ညှဥ်းပမ်းနှိပ်စက်တဲ့ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK)က ၂၀၁၉ ခုနှစ်မှာ အာဂျင်တီးနား ဖက်ဒရယ်တရားရုံးမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးခရိုင်တပ်ရင်း (၄) ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၀)၊ ပဲခူးခရိုင်တပ်ရင်း (၄) ရဲ့ အပတ်စဉ်(၁/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ဗိုလ်နာမည် အသုံးချကာ မူးယစ်ဆေးသုံးစွဲသူထံမှ ငွေကျပ် ၆၅ သိန်း တောင်းခံသည့် အုပ်ချုပ်ရေးမှူး ဖမ်းဆီးချုပ်နှောင်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ဗိုလ်နာမည်အသုံးချပြီး မူးယစ်ဆေးဝါးသုံးစွဲသူဆီက လိမ်လည်ငွေညှစ်ခဲ့တဲ့ သဲတော၊ အမှတ်၁ ကံဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်ညွန့်ဆိုသူ ဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း Voice Of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရှမ်းကျောင်း ဆရာတော်နှင့် ကပ္ပိယ အသတ်ခံရတဲ့ဖြစ်စဉ် အမှန်တရားပေါ်ပေါက်ရေး၊ တရားမျှတမှုရှိရေးအတွက် ရှမ်းအရပ်ဘက်အဖွဲ့များ တောင်းဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ ရှမ်းဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဇင်းပိန် (ခေါ်) ဦးဓမ္မသာရနဲ့ ကပ္ပိယ စိုင်းဘီး (ခေါ်) အိုက်ပီးတို့ အသတ်ခံရမှုအတွက် ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေက အမှုမှန်ပေါ်ပေါက်ဖို့၊ တရားမျှတမှု ရရှိဖို့ လိုလားနေကြပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး ရဲ ၂ ဦး သေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ၂၈၈မိုင်က ရဲကင်းစခန်းကို သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ ရဲ ၂ ယောက် သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း မိတ္ထီလာခရိုင် တပ်ရင်း အမှတ် (၃) ရဲ့ သတင်းတာဝန်ရှိသူ Kellyo က မောင်းကိုပြောပါတယ်။ 
Read More

ဆေးဝါးကုသရေး ခက်ခဲသည့်နေရာများမှ ပြည်သူလူထုကို တပ်ကုန်းမြို့နယ် PDF ဆေးဝါးကုသမှုပေးနေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနခွဲ၊ နေပြည်တော် တပ်ရင်း ၈၀၃ - တပ်ကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ဆေးဝါးကုသရေး ခက်ခဲတဲ့နေရာတွေမှာ ပြည်သူလူထုကို ဆေးဝါးကုသမှုပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မင်းတပ်မြို့မှာ ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြု

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့မှာ ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုပြီလို့  မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။