တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတိပေးချက်တွေကို ဟန်ပြလက်ခံပြီး စစ်ကောင်စီအတွက် အလုပ်ဆက်လုပ်ပေးနေတဲ့ ထွေ/အုပ်ဝန်ထမ်း အောင်ဌေး ဆိုသူကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ရှဲဒိုးက မောင်းကို ပြောပါတယ်။

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် လောင်းလုံးနဲ့ ထားဝယ်မြို့နယ်တွေအတွင်း မဲစာရင်းကောက်ယူတာ၊ လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်ဆောင်ခဲ့တဲ့ လောင်းလုံးမြို့နယ် ထွေ/အုပ်ဝန်ထမ်း အောင်ဌေးကို ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာအတွင်း ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖမ်းဆီးထိန်းသိမ်းထားသည့် လောင်းလုံး ထွေအုပ်ဝန်ထမ်း အောင်ဌေး

“၂၀၂၁လောက်မှာ သူ့ကို သတိပေးစာပေးခဲ့ဖူးတယ်ဗျ။  အဲဒီအချိန်က တာ၀န်ကနေ နုတ်ထွက်ပြီး ထား၀ယ်မှာ သွားရှောင်နေတယ်ပေါ့။ အဲ့ဒါ ၂၀၂၃နှစ် အစလောက်မှာပဲ ထား၀ယ်မှာနေပြီး လောင်းလုံးထွေအုပ်အတွက် တာ၀န်ပြန်ထမ်းဆောင်ခဲ့တယ်လို့ သိရတယ်။ ဖမ်းမိတဲ့နေ့အထိပေါ့နော်။ အဲဒါကြောင့် ကျနော်တို့ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ လက်ရှိလည်း ထိန်းသိမ်းထားဆဲပါ။” လို့

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောပါတယ်။

အောင်ဌေးအနေနဲ့ မြို့နယ်အတွင်းက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးရာမှာ အဓိကပါဝင်ပတ်သက်ခဲ့သလို အတုအယောင်ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူရာမှာလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒိုက်ဦးအကျဉ်းထောင်တွင် ခရစ္စမတ်ဆုတောင်းနေစဉ် အမျိုးသမီး အကျဉ်းသူများကို ထောင်အာဏာပိုင်များ ရိုက်နှက်မှုဖြစ်ပွားခဲ့

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့မှာ အကျဉ်းထောင်အတွင်း အမျိုးသမီးဆောင်က အကျဉ်းသူတွေ ခရစ္စမတ်ဆုတောင်းပွဲပြုလုပ်နေစဉ် ထောင်အာဏာပိုင်တွေက ဝင်ရောက်ရိုက်နှက်မှုကို ပြုလုပ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၄ ခုက ပူးတွဲ သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်ရေးပစ်မှတ်မဟုတ်သည့် ဗန်ဟားကျေးရွာ စာသင်ကျောင်းကို အာဏာသိမ်းစစ်တပ် ဗုံးကြဲမှု CDF-Hakha ပြင်းထန်စွာ ရှုတ်ချ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ရက်စက်စွာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသလို ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ရွာသူရွာသားတွေနဲ့ထပ်တူ ဝမ်းနည်းရကြောင်း CDF-Hakha က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် KIA/KPDF နှင့် SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ၂ဖက် ထိခိုက်မှုရှိ၊ SNA ဘက်မှ စနိုက်ပါသမားနှင့် တပ်သား ၁ဦးကို မူးယစ်ဆေးများနှင့် ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဖားကန့်မှာ KIA/KPDF တပ်တွေနဲ့ SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ၂ ဖက် အပြန်အလှန် ထိခိုက်မှုတွေရှိတယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။
Read More

တရုတ်ဖိအားကြောင့် စစ်တပ်နှင့် TNLA တွေ့ဆုံဖို့ရှိ၊ နယ်မြေပြန်တောင်းရင်တော့ ရလဒ်ထွက်မှာမဟုတ် ဟု TNLA ပြော

စစ်ကောင်စီကနေ အမည်ပြောင်းလဲလိုက်ပြန်တဲ့ စစ်ကော်မရှင်တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ဟာ လာမယ့် ဩဂုတ်လကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ဒီနေ့ ဩဂုတ်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA က ပြောပါတယ်။ 
Read More

ကျောက်မဲမြို့တွင် သံဃာ (၁) ပါး ခြုံရှင်းရင်း မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက်(၂)ရှိ  နတ်စစ်လင်းဘုန်းကြီးကျောင်းမှာ သံဃာတော် (၁) ပါး ခြုံရှင်းနေချိန် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူ-လိပ်သို လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကြောင်းနှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ်တို့ အနီးကပ်တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက် ၉ ဦး သေပြီး ၁၀ ဦး ဒဏ်ရာရကာ ပြန်ဆုတ်သွား

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အင်အားဖြည့်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက် ၉ ယောက် သေကာ အများအပြားထိခိုက်သွားကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။