ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုက၊တောင်းခမ်းဒေသ (၃၅၄) စစ်ကောင်စီရဲ့ အမြောက်တပ်ထဲ လက်နက်ကြီး ကျရောက်လို့ စစ်ကောင်စီရဲ့ လက်နက်တိုက် မီးလောင်ကျွမ်းခဲ့တယ်လို့ TNLA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းမှ စတင်ကာနောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ စစ်ကောင်စီ အမြောက်တပ်ရင်းဌာနချုပ်ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုအတွင်း TNLA ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာကျရောက်ပေါက်ကွဲခြင်းကြောင့် မီးခိုးလိပ်များ ထောင်တက်ကာ စစ်ကောင်စီ လက်နက်တိုက် မီးလောင်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းအပြီးထဲက နောင်ချိုမြို့ကို ထိန်းချုပ်အပြီး စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းရှိတဲ့ တောင်ခမ်းဒေသကို  ထိုးစစ်ဆင်တိုက်ခိုက်နေတာ လပေါင်းများစွာကြာမြင့်နေပြီလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကနေ ၁၇ ရက်အထိ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ TNLA တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြေလည်မှုမရှိဘဲ အဆုံးသတ်ခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူကို လက်နက်ကိုင်အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မှာကြား

မိမိတာဝန်ထမ်းဆောင်နေတဲ့ တပ်နယ်အလိုက် ပြည်သူလူထုကို လက်နက်ကိုင် အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

ဒီးမော့ဆိုမြို့ ရှေ့တန်းတစ်နေရာတွင် KNPDP တပ်ရင်းအမှတ်(၃) မှ ၂၃ နှစ်အရွယ် ရဲဘော်ဂျေရုန်း ကျဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ Karenni National Peace and Development Party (KNPDP) တပ်ရင်းအမှတ် ၃ က ရဲဘော်ဂျေရုန်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီကို အပြီးသတ် တွန်းလှန်ချေမှုန်းသွားမယ်လို့ TNLA က ထုတ်ပြန်

အာဏာသိမ်းစစ်တပ်ရဲ့  မြန်မာစစ်ကောင်စီကို အပြီးသတ် တွန်းလှန်ချေမှုန်းသွားဖို့ တော်လှန်ရေး ရည်မှန်းချက်ကို ဖော်ဆောင်သွားမယ်လို့ (၆၂) နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ TNLA က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

တိုက်ပွဲရက်ဆက် ဖြစ်ပွါးခဲ့သည့် ရေစကြိုတွင် စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်သည့်  သက်ကြီးပိုင်း အရပ်သားများကို စစ်ကောင်စီ မီးရှို့သတ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က ထွက်မပြေးနိုင်တဲ့ သက်ကြီးပိုင်းအရပ်သား ၅ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်‎၏ တနင်္သာရီတိုင်း တိုင်းဗဟိုအမှတ်(၁၂)လေ့ကျင့်ရေးသင်တန်းကျောင်းရှိ စစ်မှုထမ်းသင်တန်းမှ တပ်ဖွဲ့ဝင်တပ်သားသစ် (၄) ဦး အလင်းဝင်ဘက်ပြောင်းခိုလှုံ…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ သင်တန်းကျောင်းရှိ စစ်မှုထမ်းသင်တန်းမှ တပ်ဖွဲ့ဝင်တပ်သားသစ် (၄) ယောက် အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ‎ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG ကို လိုအပ်ရင်လိုအပ်သလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ဝန်ကြီးချုပ်က အသိပေး

NUG အစိုးရကို ပြည်သူတွေ ယုံကြည်အားကိုးရတဲ့ အစိုးရ အဆင့်ထိရောက်ဖို့ ကြိုးစားရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။