မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ထဲကို မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် မနေ့ကညပိုင်းမှာ သိမ်ဇရပ်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အမြောက်တပ်ရင်း(အမတ) ရှိ ဗဟိုကင်းနဲ့ လူပျိုဆောင်တို့ကို မစ်ဇိုင်းဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိသလို သေဆုံးသူတွေနဲ့ ထိခိုက်လူနာတွေကို ပဲခူးမြို့နဲ့ မော်လမြိုင်မြို့ဘက် ပို့ဆောင်ထားတယ်လို့ ပဲခူးခရိုင် ပကဖ က ဆိုပါတယ်။ 

တိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပဲခူးခရိုင် ပကဖ ဦးဆောင်မှုနဲ့ UDF ၊ ဝေါ (ပကဖ) နဲ့ ကဝ(ပကဖ) လက်နက်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်တိုင်းမှူး အပြောင်းအလဲလုပ်အပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ဒု-စစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိလာ… ဧရာဝတီကို AA ဝင်လာရင် အစွမ်းကုန်တုံ့ပြန်ဖို့အတွက် ပြင်ဆင်ထားရန် ညွှန်ကြားဟုဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်အောင်လှိုင်က စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အပြောင်းအလဲ ပြုလုပ်ခဲ့အပြီး၊ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ နတခ တိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၇ ရက် မနေ့က ရောက်ရှိလာခဲ့တယ်လို့ နတခ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘုရားသုံးဆူမှာ အသက် ၈နှစ်အရွယ် ကလေးအပါအဝင် မိသားစုလိုက် ၃လောင်းပြိုင် အသတ်ခံရ

ကရင်ပြည်နယ်၊ ကြာအင်းမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က မိသားစုလိုက် ၃လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဝက်လက်မြို့ အရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် စစ်ကြောင်းများ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထောင်နှင့်ချီ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းတွေ အပြိုင်ဝင်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်ရှိနေတာကြောင့် မြို့နယ်အရှေ့နဲ့အနောက်ခြမ်းက အရပ်သားတွေ ထောင်နဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

မကွေးနှင့်ရခိုင်ကို ဆက်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းအပါအဝင် လမ်းပိုင်း ၂ ခုမှာ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်နေ၊ စစ်ကောင်စီတပ်မှ ၂၅ ဦးထက်မနည်းသေဆုံးပြီး ၆၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းက အဓိကလမ်းပိုင်း ၂ ခုမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးဖော်ဆောင်မှုတွေထဲ စစ်ကောင်စီတပ်က ၂၅ ယောက်ထက်မနည်းသေဆုံးပြီး အယောက် ၆၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အထက်မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းဒေသ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဆင်ရေးအဖြစ် ရေတာရှည်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်၊ စစ်တပ်မှ တပ်ရင်းမှူး ညီညီနိုင် အပါအဝင် (၁၅) ဦး သေဆုံး

ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသ၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က တပ်ရင်းမှူး ညီညီနိုင် အပါအဝင် (၁၅) ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ပါတယ်။