ထိုင်းနိုင်ငံတောင်ပိုင်းက အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် (၂၀၀) ခန့်ကို ထိုင်းအာဏာပိုင်တွေက ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကတဆင့် နေရပ်ပြန်ပို့လိုက်တယ်လို့ ထိုင်းသတင်းတွေနဲ့ ထိုင်းတော်ဝင်ရေတပ် ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖေဖော်ဝါရီလ (၂၄)ရက် မနေ့က ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသူ မြန်မာနိုင်ငံသား အယောက် (၂၀၀) ခန့်ကို ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကနေ မြန်မာနိုင်ငံ ကော့သောင်းမြို့ဘက် စက်လှေနဲ့ ပြန်လည်လွှဲပြောင်းလိုက်တယ်လို့ ဆိုပါတယ်။

ပြန်ပို့ခံရတဲ့ မြန်မာတွေထဲမှာ အမျိုးသား ၁၉၈ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ဟာ ထိုင်းနိုင်ငံရဲ့ တရားဥပဒေအရ အရေးယူဆောင်ရွက်မှုကို ခံယူခဲ့ပြီး အခုလို ပြန်ပို့ရေးအစီအစဉ်မှာ ကိုယ့်ဆန္ဒအလျောက် ပါဝင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ထိုင်းနိုင်ငံအတွင်း လက်ရှိကာလမှာ ထိုင်းအာဏာပိုင်တွေက လူနေအိမ်တွေ၊ စားသောက်ဆိုင်တွေ၊ အလုပ်ရုံတွေနဲ့ ကုန်တိုက်တွေအတွင်း ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုတွေကြောင့် အထောက်အထားမဲ့ မြန်မာလူငယ်အများအပြား ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဘန်ကောက်နှင့် ချင်းမိုင်ရှိ စားသောက်ဆိုင်များတွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့တွေက စားသောက်ဆိုင်တွေမှာ တရားမဝင် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းလူမှုကြီးကြပ်ရေးအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
Read More

တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတကို လွှတ်တော်က တာဝန်ဆိုင်းငံ့…

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုအောင်မြင်ခဲ့ပြီးနောက် ယွန်းဆွတ်ခ်ယိုးလ်ရဲ့ သမ္မတာဝန်တွေကို ဆိုင်းငံ့လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ၏ ရုရှားထုတ် Shahed drone ပုံစံကွဲ အသေခံဒရုန်း ၁ စင်း ထိုင်းနိုင်ငံအတွင်း ပျက်ကျ

ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ စစ်ကောင်စီ အသုံးပြုတဲ့ ရုရှားထုတ် Shahed Drone နဲ့ ပုံစံတူ အသေခံဒရုန်းတစ်စင်း ပျက်ကျနေတာကို ထိုင်းစစ်တပ်က သိမ်းဆည်းရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဇူလိုင်လ ၂၂ ရက် ဒီနေ့မှာ သတင်းဖော်ပြပါတယ်။
Read More

မြန်မာငလျင် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပိုးဟပ်စက်ရုပ်တွေ စင်္ကာပူအသုံးပြု

လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့တဲ့ မြန်မာ့ငလျင်ဘေးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စင်္ကာပူက ပိုးဟပ်စက်ရုပ်တွေကို အသုံးပြုခဲ့တယ်လို့ The Straits TImes သတင်းမှာ ဖော်ပြပါတယ်။
Read More

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံ အဓိကကျတယ်လို့ ထိုင်းပြော

စစ်အာဏာသိမ်းမှုကြောင့် သုံးနှစ်ကျော်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ရေး အာဆီယံက အဓိကကျကြောင်း ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်တရာက တနင်္လာနေ့မှာပြောဆိုခဲ့တယ်လို့ Reuters က ဖော်ပြထားပါတယ်။
Read More

အင်ဒိုနီးရှားမှာ ခရီးသည်တင်သင်္ဘော မီးလောင်မှုဖြစ်ပွားပြီး ၅ ယောက် သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ခရီးသည်တင် ၂၈၀ ‌ကျော် လိုက်ပါစီးနင်းလာတဲ့ သင်္ဘော ၁ စီး မီးလောင်မှုဖြစ်ပွားပြီး လူ ၅ ယောက်ခန့် သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။