မန္တလေးတိုင်း၊ ပုသိမ်ကြီး နဲ့ မိတ္ထီလာမြို့နယ်တို့မှာ စစ်ကောင်စီခန့် ရပ်ကွက်အာဏာပိုင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်းသိရပါတယ်။

ဖေဖော်ဝါရီလ ၁၈ရက်၊ မနက်ပိုင်းမှာ ပုသိမ်ကြီးမြို့နယ်၊ တဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေကို ရပ်ကျေးရုံးထဲအထိ ပကဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း ရုံးထဲမှာ ရှိနေတဲ့ ရာအိမ်မှူး ၁ယောက် သေဆုံးကာ အုပ်ချုပ်ရေးမှူးဖြစ်သူကတော့ ရှပ်ထိဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး  ထိခိုက်ဒဏ်ရာပြင်းထန်သူ ၁ယောက်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“အဲ့နေ့က ရုံးမှာ အုပ်ကြီးဖြိုးလေးနဲ့ သူအပေါင်းအပါ ရာအိမ်မှူး၂ယောက်ရှိတယ်။ ရဲဘော်တွေက မနက် ၁၀ နာရီကျော်လောက်မှာ ဝင်ပစ်ခဲ့တာပါ။ အလစ်အငိုက် ဝင်ပစ်တာပေါ့။ အဲ့မှာ ဖြိုးလေးက ပါးကိုရှပ်ထိပြီး လွတ်မြောက်သွားတယ်။ ရာအိမ်မှူး၁ယောက်က နေရာတင် ပွဲချင်းပြီးသေတယ်။ ကျန်၁ယောက်က ဗိုက်ကိုမှန်ပြီး ဒဏ်ရာပြင်းထန်တယ်။ အဲ့လူက ဖြိုးလေးရဲ့လက်ရုံးပါ။” လို့ ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်၊ တဲကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး

ပကဖတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ရှင်းလင်းခဲ့တဲ့ တဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဖြိုးလေးနဲ့ အပေါင်းအပါရာအိမ်မှူးဆိုသူတွေဟာ ပုသိမ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဥပဒေကို ဖော်ဆောင်ပေးရာမှာ နာမည်ကြီးသူတွေဖြစ်ပြီး ငွေကြေးမပြည့်စုံတဲ့ လူငယ်တွေကိုသာ အဓိကပစ်မှတ်ထား ရွေးချယ်နေတာလို့လည်း သိရပါတယ်။

“ပုသိမ်ကြီးမှာ စစ်မှုထမ်းအတွက် တော်တော်များများက လုပ်နေကြတာ။ မသိမသာလုပ်နေကြတာ များတယ်။ ဖြိုးလေးတို့ကတော့ ပေါ်တင်လုပ်တယ် ပြောရမယ်။ ငွေကို မျိုးစုံညှစ်တယ်ပေါ့။ နောက်ပြီး ပုသိမ်ကြီးမှာ စကစအတွက် ပြည်သူ့လုံခြုံရေးဆိုပြီး ဖွဲ့ထားတာတွေရှိတယ်။ ဒါကြောင့် ရဲဘော်တွေလည်း ရုံးထဲဝင်ပစ်ပြီး အမြန်ဆုတ်ခဲ့ရတယ်။ ထွက်ပြေးသွားတဲ့ အုပ်ကြီးကိုလည်း ရှင်းဖို့ခဲယဥ်းသွားတာပေါ့။” လို့  ပုသိမ်ကြီးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၂၃ရက်နေ့ကလည်း မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ပခုက္ကူတိုက်တန်း၊ ရမ်းကြီးလက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ထိုင်သောက်နေတဲ့ စည်းခုံကြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိုင်အတွင်း သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခံရပြီး နေရာတင် သေဆုံးသွားကြောင်းသိရပါတယ်။

သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးဆိုသူဟာ မိတ္ထီလာမြို့နယ်အတွင်းက လူငယ်တွေကို စစ်ကောင်စီအတွက် စစ်မှုထမ်းပေါ်တာဆွဲတာတွေလုပ်ဆောင်ပေးရင်း ရာအိမ်မှူးအဖြစ်ကနေ အုပ်ချုပ်ရေးမှူးအဆင့်ထိ တိုးမြှင့်ခံထားရသူဖြစ်ကာ အုပ်ချုပ်ရေးမှူးဖြစ်ပြီး၂ရက်အကြာမှာပဲ အခုလိုပစ်ခတ်ရှင်းလင်းခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

0 Shares:
You May Also Like
Read More

အုတ်တွင်းရှိ စစ်ကောင်စီ စခန်းကုန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကြက်မနက်ရွာက စစ်ကောင်စီစခန်းကုန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်ပြောက်ကျားအဖွဲ့ YUPA ရဲဘော် ၂ ဦး အကြမ်းဖက်စစ်တပ်ထံ ဖမ်းဆီးခံထားရ

ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG People Army (YUPA) တပ်ဖွဲ့ဝင် ရဲဘော် ၂ယောက် အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကောလင်းခရိုင်တပ်ရင်း ၂ ဆီ လက်နက်နဲ့ အလင်းဝင်လာသူတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့တွင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၂ ထံ လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေး-ထားဝယ်လမ်းပိုင်းတွင် ကုန်တင်ကားများ တိုက်ခိုက်ခံရ၊ ယာဥ်မောင်း ၂ ဦး သေဆုံးပြီး ကား ၁ စီး မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်း၊ ရေဖြုမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်းတနေရာမှာ သွားလာနေတဲ့ ကုန်တင်ကားတွေ တိုက်ခိုက်ခံရကာ ယာဉ်မောင်းနဲ့ နောက်လိုက် သေဆုံးမှုရှိခဲ့ပြီး ကား ၁ စီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကစားစရာ သေနတ်နှင့် အမှုတည်ဆောက်ပြီး ၆ နှစ်ကလေးကိုပါ ဖမ်းထားသည့် စစ်ကောင်စီ 

စစ်ကောင်စီဟာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး လူ ၁၆ ယောက်ကို စွပ်စွဲဖမ်းဆီးထားတယ်လို့ ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

နှစ်ပေါင်းစွာ တိုင်းပြည်ရဲ့ သယံဇာတတွေ ခိုးယူခဲ့သည့် စစ်ကောင်စီက ခွင့်ပြုချက်မရှိဘဲ သယံဇာတ ထုတ်ယူသုံးစွဲမှုများကို အရေးယူမည်ဟု ဆိုပြန်

နိုင်ငံတစ်ဝန်းမှာ ဥပဒေမဲ့ အကန့်အသတ်မရှိ သယံဇာတ ထုတ်ယူတူးဖော်နေမှုတွေကို စိစစ်ဖော်ထုတ်အရေးယူသွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီက သူ့ရဲ့ဝါဒဖြန့် မီဒီယာတွေကတဆင့် ပြောကြားလိုက်ပါတယ်။