တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်မှာရှိတဲ့ စစ်ကောင်စီတပ် စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ထားဝယ် ခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက် ညပိုင်းက ထားဝယ်မြို့ ၊ ကြက်စားပြင်ရပ်ရှိ ဆိပ်ကမ်းဘောတံတားမှာ စစ်ကောင်စီတပ်သားတွေ တင်ဆောင်ပြီး ကမ်းကပ်ထားတဲ့ စက်လှေကို တော်လှန်ရေးရဲဘော်တွေက RPG နဲ့ စတင်ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းရဲ့ အထူးပြောက်ကျားတပ်ဖွဲ့နဲ့ ပင်လယ်ကြယ်တပ်ခွဲတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်သား ၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် စက်လှေကို ပြောက်ကျားတိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ  အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မွန်ပြည်တော်လှန်ရေးတပ်၏ နိုင်ငံရေးသင်တန်း

မွန်ပြည်တော်လှန်ရေးတပ်ရဲ့ နိုင်ငံရေးသင်တန်း အမှတ်စဥ် (၁/၂၀၂၅) ကို အောင်မြင်စွာ ပို့ချပြီးစီးခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ထုတ်ပြန်ပါတယ်။
Read More

နတ်မြစ်ထဲ ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို AA ပစ်ခတ်ဟုဆို

“မနက်က (ပြီးခဲ့တဲ့တနင်္လာနေ့) ဂျလီယာပရာ တဖက်ကမ်း နတ်မြစ်ထဲကို ငါးဖမ်းသမား ၃ ယောက် ငါးသွားဖမ်းပါတယ်။ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲကနေ မြန်မာပိုင်နက်ထဲကျော်သွားတော့ အာရက္ခတပ်က သူတို့ကို ပစ်လိုက်တာ ၂ ဦး ဒဏ်ရာရသွားတယ်”လို့ တက္ကနက်ဒေသ အုပ်ချုပ်ရေးမှူး Sheikh Ehsan Uddin က ပြောပါတယ်။
Read More

ချင်းအမျိုးသားကောင်စီနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု KNPP အသိပေး

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေစကြိုတွင် အင်အားအလွန်အကျွံဖြင့် စစ်ကြောင်းထိုးသည့် စစ်အုပ်စု အယောက်၂၀ ကျော် သေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရကာ ဆုတ်ခွာသွား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အင်အားအလွန်အကျွံသုံးပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂ရက်ကြာ ခုခံတိုက်ခိုက်ရာ စစ်အုပ်စု အယောက် ၂၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 
Read More

ချင်းညီနောင်ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်းရှိ မြို့နယ်များအား ယောဒေသမှတဆင့် စစ်အုပ်စု အင်အားအလုံးအရင်းသုံး ချဥ်းကပ်လာနေ

အကြမ်းဖက် စစ်ကော်မရှင်တပ်တွေဟာ မကွေးတိုင်း ယောဒေသကတဆင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကြိုးစားလာနေတာကြောင့် မကွေးတိုင်းထဲကနေ ကန်ပက်လက်မြို့နယ်အတွင်း ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ယာယီပိတ်ထားကြောင်း CDF - Kanpetlet တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

သထုံအကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင် ကျဆုံး

မွန်ပြည်နယ်၊ သထုံအကျဥ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင်ဟာ အကျဉ်းထောင်အတွင်းမှာပဲ ကျဆုံးသွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။