မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က စစ်ကောင်စီရဲ့ ခမရ ၂၀၇ တပ်ရင်းမှာရှိတဲ့ ကာကင်းစခန်းတွေကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အင်းတကော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက် ဒီနေ့ မနက်ပိုင်းမှာ သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇ တပ်ရင်းရဲ့ ကာကင်းစခန်းတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲပြီး ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးမှုရှိပေမယ့် အတိအကျ မသိရသေးပါဘူး။ တိုက်ခိုက်မှု ဖြစ်ပွါးပြီးတဲ့နောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ဝေါမြို့နယ် ပကဖ၊ အင်းတကော်မြို့နယ် ပကဖ နဲ့ တောင်ညိုစစ်ကြောင်းတို့ ပူပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းတွင် စစ်ရေးကြောင့် ပိတ်မိနေသည့်နေရာကို စစ်အုပ်စု ဗုံးကြဲ၊ ပြည်သူ ၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်ကြောင်းကြောင့် ပိတ်မိနေတဲ့ စစ်ကိုင်း-ကျောက်မြောင်း လမ်းပိုင်းတစ်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်( ၃/၂၀၂၄) ရဲ့ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

အင်းစိန်မှာ “အမျိုးသားနေ့ကို အောက်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ” ဘန်နာချိတ်ဆွဲပြီး အလံနီထောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်…

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်က အင်းစိန်မြို့နယ်၊ အ.ထ.က ၇ ကျောင်းရှေ့မှာ "အမျိုးသားနေ့ကို အောက်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ" လူထုလှုံဆော်မှု ကြွေးကြော်သံ ဘန်နာကို ချိတ်ဆွဲပြီး အလံနီထောင်ကာ အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆားတောင်မြို့မှာ စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ ပြည်သူတွေဆီက ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ပါတယ်။
Read More

ခန္တီးတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရမှု အန္တရာယ်ကြုံနေရသည့် အရပ်သားများကို ပကဖ ကူညီကယ်ထုတ်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်း ပေါ်တာဆွဲစုဆောင်းမှု တိမ်းရှောင်လိုတဲ့ အရပ်သားတွေကို စိုးမိုးနယ်မြေအထိရောက်အောင် သွားရောက်ကူညီခေါ်ထုတ်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကရင်နီပြည်စစ်မြေပြင်မှာ KNDF တပ်ရင်း ၂၅ က ဆေးမှူး ရဲဘော် ကျဆုံးခဲ့

ကရင်နီပြည်စစ်မြေပြင်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ တပ်ရင်း ၂၅ က ဆေးမှူး ရဲဘော် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။