ကိုဗစ် ချေးငွေတွေကို လက်ရှိအချိန်အထိ ပြန်မဆပ်နိုင်သေးတဲ့ လုပ်ငန်းတွေကို သတင်းစာတွေကတဆင့် ထည့်သွင်းကြေညာတော့မယ်လို့ စစ်ကောင်စီက စီးပွားရေး လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

အရပ်သား အစိုးရလက်ထက်မှာ ကိုဗစ်ကာလ ထိခိုက်သွားတဲ့ လုပ်ငန်းတွေကို ချေးငွေတွေ ထုတ်ချေးပေးခဲ့ရာ စစ်ကောင်စီက စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းရှင်တွေကို ပြန်လည်ပေးသွင်းဖို့ မကြာခဏ ဖိအားပေး ပြောဆိုနေတာပါ။

လက်ရှိအချိန်မှာတော့ လာရောက်ပေးသွင်းခြင်းမရှိတဲ့ လုပ်ငန်းတွေကို စစ်ကောင်စီက သူတို့ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေကနေ အမည်နဲ့တကွ ထုတ်ပြန်ကြေညာမယ်လို့ ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

ပြည်နယ်အသီးသီးက ကိုဗစ်- ၁၉ ရန်ပုံငွေကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ အတိုးအရင်း လုံးဝ မပေးဆပ်တဲ့ ကုမ္ပဏီ/လုပ်ငန်း (၄၈၆) ခုကို ကုမ္ပဏီ/ လုပ်ငန်းအမည်၊ လုပ်ငန်းရှင်အမည်၊ နေရပ်လိပ်စာ အပြည့်အစုံတို့နဲ့ သတင်းစာမှာ ကြေညာသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံခြားငွေရော၊ ကျပ်ငွေကိုပါ အဓိကလိုအပ်နေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း လုပ်ငန်းရှင်တွေကို ကိုဗစ်ချေးငွေ လာရောက်ပေးဆပ်ဖို့ ဖိအားပေးပြောဆိုမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါသေးတယ်။

စီးပွါးရေးလုပ်ငန်းရှင်တွေ အဆင်ပြေစေဖို့ ကိုဗစ်-၁၉ ရန်ပုံငွေကနေ ချေးငွေသက်တမ်း (၁) နှစ်၊ အတိုးနှုန်း ၁ % နဲ့ ၂၀၂၀  ဧပြီလက စတင်ပြီး အရပ်သားအစိုးရက ချေးငွေတွေ ထုတ်ချေးပေးခဲ့တာ ဖြစ်ပါတယ်။

စကစ သတင်းစာပါ ကြေညာချက်
0 Shares:
You May Also Like
Read More

မွန်ပြည်လွတ်မြောက်ရေးတပ်တော် အပတ်စဥ် (၆) အခြေခံစစ် ပညာသင်တန်းဆင်းပွဲ

မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်ပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် မနေ့က KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ Mon Liberation Army - MLA က ထုတ်ပြန်ထားပါတယ်။
Read More

မတ္တရာမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်ဝင်စီးနင်းလို့ ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးနေရ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်က ဝင်ရောက်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၃ ထောင်ကျော် ဘေးလွတ်ရာတွေကို ထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
Read More

မြို့သိမ်းတိုက်ပွဲများမှ ရရှိခဲ့သည့် ၆၀ မမ စိန်ပြောင်းများဖြင့် ဆားလင်းကြီးမြို့ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို မြို့သိမ်းတိုက်ပွဲတွေကနေ ရရှိထားတဲ့ ၆၀ မမ တွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ People’s Revolution Armed Force - PRAF ထံက သိရပါတယ်။
Read More

နိုင်ကျဉ်း ၆၀၀ လွှတ်တယ်ဟုဆိုကာ မြေပြင်မှာ ၃၀၀ ကျော်သာ လွတ်မြောက်လို့ လွတ်ငြိမ်းကို စစ်ကောင်စီ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်းသာ ဖြစ်

လွတ်လပ်ရေးနေ့က  စစ်ကောင်စီ ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ လွတ်မြောက်မယ်လို့ ပြောထားတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ထက် ထက်ဝက် လျော့နည်းနေတာကြောင့် စစ်ကောင်စီဟာ လွတ်ငြိမ်းကို အမြတ်ထုတ်သွားတယ်လို့  နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဇန်နဝါရီ ၆ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် ပြည်သူများ ဒုက္ခဝေနေချိန် နိုင်ငံတစ်ဝန်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ​အင်အားပြင်း ၇.၇ ရစ်ချက်တာစကေး ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန်မှာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ခန္တီးတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရမှု အန္တရာယ်ကြုံနေရသည့် အရပ်သားများကို ပကဖ ကူညီကယ်ထုတ်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်း ပေါ်တာဆွဲစုဆောင်းမှု တိမ်းရှောင်လိုတဲ့ အရပ်သားတွေကို စိုးမိုးနယ်မြေအထိရောက်အောင် သွားရောက်ကူညီခေါ်ထုတ်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။