မန္တလေး အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ယောက် လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ 

နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အိုးဘိုအကျဉ်းထောင် ဆေးရုံမှာပဲ သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

ကိုအောင်ထွန်းဟာ အကျဉ်းမကျခင်အချိန်က ဘယ်လိုရောဂါအခံမျိုးမှ မရှိဘဲ ကျန်းမာရေးကောင်းမွန်သူဖြစ်ကာ အကျဉ်းကျပြီးနောက်ပိုင်းမှ ခန္ဓာကိုယ်အနှံ့ အနာတွေပေါက်လာခဲ့ပါတယ်။ အနာပိုးဝင်ကာ ထောင်ဆေးရုံမှာ ကုသမှုခံယူခဲ့ပြီး တစ်ပတ်ခန့်အကြာမှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“အနာမှာ ပိုးဝင်လို့ ဆုံးသွားတာဖြစ်တယ်လို့ ကျနော်တို့ မှတ်တမ်းရရှိထားပါတယ်။ ထောင်ထဲမှာက ပွေး၊ ဝဲ၊ ယားနာက အမြဲဖြစ်နေကြတဲ့ ရောဂါပါ။ ထောင်ရဲ့ ပတ်ဝန်းကျင်ကလည်း ရောဂါပိုးမွှားမျိုးစုံ ဝင်ရောက်နိုင်တာဆို‌တော့ အဲ့လိုကနေမှ ဆုံးသွားတဲ့ အထိ ဖြစ်သွားတာဖြစ်မယ်လို့ ယူဆပါတယ်” လို့  PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။ 

ကိုအောင်ထွန်းကို ၂၀၂၂ ခုနှစ် ဧပြီလ (၁၅) ရက်နေ့က အမရပူရမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က) နဲ့ အမရပူရ တရားရုံးမှာ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့မှာ ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရပြီး အိုးဘိုထောင်မှာ အကျဉ်းချခံထားရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အမ်းမြို့ကိုသွားတဲ့ စစ်တပ်ရိက္ခာတင်ကား ၃ စီးနဲ့ စစ်ကြောင်းကို ငဖဲမှာ တိုက်ခိုက်၊ စစ်သား ၂၃ ယောက် သေပြီး စစ်ကား ၂ စီးပျက်စီး

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းမှာ အမ်းမြို့ဘက် ဦးတည်နေတဲ့ အကြမ်းဖက်စစ်တပ် ရိက္ခာတင်ကား ၃ စီးနဲ့ ငဖဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PRA-Magway တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲ အောင်ပွဲရ ရဲဘော်များကို ပြည်သူများ သောင်သောင်းဖျဖျ ကြိုဆို… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲနဲ့အတူ အောင်ပွဲရ ပြင်ဦးလွင်ခရိုင်၊ အမှတ် - ၅၀၉ - ၅၁၀ -၅၁၂၊ ပြင်ဦးလွင်ခရိုင်တပ်ရင်း ၁ - ၂ တို့မှ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူများက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ‌၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။
Read More

တပ်အတွက် ရိက္ခာသယ်ရင်း ကားမတော်တဆမှုကြောင့် ကျဆုံးခဲ့ရတဲ့ ရဲဘော် TK

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲဝင်ရင်း ထောက်ပို့လုပ်နေတဲ့ စစ်ဒေသအမှတ် ၃ ကျားဖြူစစ်ကြောင်းက ရဲဘော်တစ်ယောက်ဟာ လိုအပ်တဲ့ စားနပ်ရိက္ခာ သယ်ဆောင်ရင်း ကားမတော်တဆမှုကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့နယ်၊ နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သားတစ်ယောက် ဒဏ်ရာရပြီး စာသင်ကျောင်း ပျက်စီးခဲ့တယ်လို့ MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) လှုပ်ရှားရာဒေသဖြစ်တဲ့ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ကျေးရွာအတွင်းရှိ လွယ်ဟောင်ရွာနဲ့ ဖက်ရင်းကုန်းရွာကြားမှာ စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DPLA က မနေ့ ထုတ်ပြန်ပါတယ်။