ရောင်နီ live 2025 ဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန်နိုင်ငံက မြို့ကြီးတွေမှာ ဂီတဖျော်ဖြေပွဲတွေ ကျင်းပသွားမှာဖြစ်ပြီး ရရှိတဲ့ အမြတ်အားလုံးကို တော်လှန်ရေးအတွက် အသုံးပြုနိုင်ဖို့ မြေပြင်ကို အမြန်ဆုံးပို့ဆောင်သွားမှာ ဖြစ်ကြောင်း တော်လှန်အနုပညာရှင်တစ်ယောက်ဖြစ်သူ အဆိုတော်လင်းလင်းက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် အသိပေးလိုက်ပါတယ်။

ရရှိလာတဲ့ ငွေကြေးတွေကို တော်လှန်မိသားစုတွေရဲ့ ပြန်လည်ထူထောင်ရေး၊ ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်မိသားစုတွေ၊ CDM မိသားစုတွေ၊ Activists မိသားစုတွေ၊ နိုင်/ကျဉ်းမိသားစုတွေ၊ ပညာရေးစရိတ်တွေ၊ တောင်ပေါ်တောင်အောက် ဒေသအနှံ့က တန်းတူ လူ့အခွင့်အရေးလှုပ်ရှားမှုတွေထံ ပေးပို့သွားမယ်လို့ လင်းလင်းက ရေးသားအသိပေးထားပါတယ်။

ဖျော်ဖြေပွဲတွေအတွင်း လင်းလင်းနဲ့ ချစ်သုဝေတို့က အနုပညာကြေးတောင်းခံမှု လုံး၀မပြုလုပ်ဘူးလို့လည်း ဆိုပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဖျော်ဖြေပွဲကာလတွေအတွင်း သိကျွမ်းရင်းနှီးသူတွေက အပျော်ခရီးလိုက်လံပို့ဆောင်ခြင်း၊ လည်ပတ်ခြင်းတွေကို ရှောင်ရှားသွားမှာဖြစ်ကြောင်းလည်း ကြိုတင်မေတ္တာရပ်ခံထားပါတယ်။

အထူးသဖြင့် မြေပြင်မှာတော်လှန်နေတဲ့ ရဲဘော်တွေကို လေးစားတန်းဖိုးထားတာကြောင့်  ဆောင်ရန်ရှောင်ရန် များစွာကို ပြည်ပဂီတဖျော်ဖြေရေးပွဲတွေမှာ ရှောင်ရှားသွားမယ်လို့ လင်းလင်းက ဆိုပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း နေရာအနှံ့တော်လှန်ရေးအတွက် ခွန်အားဖြစ်စေခဲ့တဲ့ ရောင်နီသီချင်း ဖန်တီးသူ လင်းလင်းဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဦးဆုံး သူ့ရဲ့ ဂီတဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံက မြို့တွေမှာ တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်ဖို့ စတင်ပြုလုပ်တော့မှာ ဖြစ်ပါတယ်။

လင်းလင်း နည်းတူ တော်လှန်အမျိုးသမီးအနုပညာရှင် ဖြူဖြူကျော်သိန်းကလည်း လန်ဒန်မြို့မှာ ပြီးခဲ့တဲ့နှစ်က ဖျော်ဖြေပွဲအချို့ပြုလုပ်ခဲ့ပြီး လက်ရှိမှာလည်း ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ဖို့စီစဉ်နေပါတယ်။ တဆက်တည်းမှာပဲ တော်လှန်အနုပညာရှင် မင်းမော်ကွန်းနဲ့ တခြားသော အနုပညာရှင်တွေလည်း ဥရောပနိုင်ငံအချို့မှာ ဂီတဖျော်ဖြေပွဲတွေပြုလုပ်ပြီး တော်လှန်ရေးအတွက် ရန်ပုံငွေတွေ ထောက်ပံ့ကူညီလျက်ရှိပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရ

ကရင်နီပြည်နယ်မှာ ၃ လတာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃ ယောက် သေဆုံးခဲ့ရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီနဲ့ MNDAA အပစ်ရပ် သဘောတူညီမှုကြောင့် တရုတ်က နယ်စပ်ဂိတ်တွေ ပြန်ဖွင့်

MNDAA နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင် အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံဘက်ကထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်လိုက်တယ်လို့ ဒေသခံတွေက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်တွေမှာ အသိပေး ရေးသားလာကြပါတယ်။
Read More

ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ၇ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကျိုင်းတုံ - တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူတွေ ၇ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်သာမြို့နယ်တွင် စစ်တပ်ဂိတ်စခန်းများကို မြင်းခြံခရိုင် တပ်ရင်း (၃) တပြိုင်တည်း စီးနင်းတိုက်ခိုက်၊ စစ်သားအလောင်း ၃ လောင်း တွေ့ရှိကာ ဂိတ်များကို မီးရှို့ဖျက်ဆီးနိုင်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို တပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်သားတချို့ သေဆုံးခဲ့ပြီး ဂိတ်စခန်းတွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကိုနိုင်အောင်တိုက်ပြီး လူထုလှုပ်ရှားမှုနဲ့ တော်လှန်ရေးကို အရှိန်မြှင့်မယ်

စစ်ကို နိုင်အောင်တိုက်ပြီး တော်လှန်ရေးအတွက် လူထုလှုပ်ရှားမှု အရှိန်ကိုမြှင့်တင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးတစ်ဦး ဖြစ်သူ ဦးလွင်ကိုလတ်ကပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ဖာပွန်ခရိုင် တပ်ရင်း ၁ က ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ၂ ၊ ဗျူဟာ၂၅ (ရိုးမဗျူဟာ ၄) ၊ ဖာပွန်ခရိုင် တပ်ရင်း ၁ က ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူး ကျဆုံးခဲ့တာ ၁ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။