မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က စစ်ကောင်စီရဲ့ ခမရ ၂၀၇ တပ်ရင်းမှာရှိတဲ့ ကာကင်းစခန်းတွေကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အင်းတကော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက် ဒီနေ့ မနက်ပိုင်းမှာ သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇ တပ်ရင်းရဲ့ ကာကင်းစခန်းတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲပြီး ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးမှုရှိပေမယ့် အတိအကျ မသိရသေးပါဘူး။ တိုက်ခိုက်မှု ဖြစ်ပွါးပြီးတဲ့နောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ဝေါမြို့နယ် ပကဖ၊ အင်းတကော်မြို့နယ် ပကဖ နဲ့ တောင်ညိုစစ်ကြောင်းတို့ ပူပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီ လုပ်ဆောင်တာဟာ တရုတ် အကျိုးစီးပွားနဲ့ လုံခြုံရေးကို ကာကွယ် ပေးနိုင်မှာမဟုတ်၊ တရုတ်အပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံးကို NUG ကာကွယ်ပေးမယ်လို့ ကတိပေး…

အကြမ်းဖက်စစ်ကောင်စီနဲ့ လုံခြုံရေးကုမ္ပဏီ လုပ်ဆောင်တာဟာ တရုတ်အကျိုးစီးပွားနဲ့ လုံခြုံရေးကို အကာအကွယ် ပေးနိုင်မှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောက ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်းအစီအစဥ်မှာ ပြောဆိုလိုက်ပါတယ်။
Read More

အာရက္ခတပ်တော် AA ရဲ့ ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်မမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော်အထိ သေဆုံးခဲ့

အာရက္ခတပ်တော် AA ရဲ့ ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်သား အင်အား ၁၂၀၀ ကျော် သုံးပြီးခုခံပေမဲ့ ဂွမြို့ကိုသိမ်းပိုက်နိုင်ခဲ့ကာ တပ်မမှူးတဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ရာကျော် သေဆုံးတယ်လို့AA က ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားအံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၃) ဦး သေဆုံး၊ (၁၇) ဦး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် သေဆုံးပြီး (၁၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ကွန်မန်ဒိုသင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ၊ ကွန်မန်ဒိုသင်တန်း အပတ်စဉ်(၃)သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ရွှေနှင့် ပင်လောင်းကို ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး အကြိမ်ရေ ၈၀ ထက်မနည်း တိုက်ခိုက်ခဲ့

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေနဲ့ ပင်လောင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့ရကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။