ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းဆုံ၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်မှာရှိတဲ့ ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက် မနေ့က ညပိုင်းမှာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းတွေ အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်အခြေအနေတွေ စုံစမ်းနေဆဲဖြစ်တယ်လို့ Operation Flame က ဆိုပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုကို Operation Flame အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဆက်ပြီးတော့လည်း ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေနဲ့ အတူလက်တွဲကာ အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ Operation Flame က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင် တရုတ်ကို ထွက်ခွာအပြီး နာရီပိုင်းအကြာ နေပြည်တော်လေဆိပ် တိုက်ခိုက်ခံရ

နေပြည်တော်မှာ အာဏာသိမ်းစစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ခရီးစဉ်ထွက်ခွာသွားပြီး နာရီပိုင်းအကြာမှာပဲ နေပြည်တော် အေလာလေဆိပ်မှာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ငါန်းဇွန်မှာ ပျူစောထီးတွေ ပါလာတဲ့ ၆ဘီးကားကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၆ဘီးကားကို လမ်းပိုင်းမှာ ​မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိကြောင်း TGYR - YouthGuerrillaCounterRevolution-NZ(LPDF) ရဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်အပါ ပြည်သူ ၄ ဦးထက်မနည်း သေဆုံးမှု ရှိ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဗကပ ရဲ့ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ၄ နှစ်ပြည့် အခမ်းအနားကို အမှတ် ၁ စစ်ဒေသနှင့် အနောက်မြောက်စစ်ဒေသမှာ ပြုလုပ်ခဲ့…

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို အမှတ် ၁ စစ်ဒေသနဲ့ အနောက်မြောက်စစ်ဒေသတွေမှာ မတ်လ ၁၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

၀က်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့မှုကြောင့် လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ခဲ့ရာ လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရှမ်းမြောက်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သား ၁၀၀ ကျော် ထိခိုက်သေဆုံး

MNDAA ထိန်းချုပ်ရာ ရှမ်းမြောက်ဒေသက နယ်မြေတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု စုစုပေါင်း ၁၀၀ ကျော်သွားပြီဖြစ်ကြောင်း  MNDAA က ထုတ်ပြန်ပါတယ်။